Unicode
အဆိုပါ အော်သံကြောင့် သူတို့အားလုံး သစ်သားအိမ်လေးထဲမှ ပြေးထွက်လာကြသည်။ ထိုအော်သံက တောထဲမှ ဆက်ထွက်လာနေကာ ပိုင်ယွိထန်နှင့် တခြားသူတို့က အသံကြားရာသို့ပြေးသွားကြသည်။ အားလုံးမြင်သာအောင် ပေါင်ကျန့်က ဓာတ်မီးထိုးပေးလိုက်ချိန်တွင်တော့ သူတို့အားလုံးမျက်မှောက်ကျုံ့သွားကြ၏။
စောစောက သူတို့ရှေ့မှ ထွက်ပြေးသွားသော စုံတွဲတွင် မိန်းကလေးဖြစ်သူက မြေကြီးပေါ်ထိုင်ကာ တစ်ကိုယ်လုံးတွင်ရော လက်ဖဝါးပေါ်တွင်ပါ သွေးများရွှဲစိုလျက် ယောက်ျားလေးဖြစ်သူကတော့ မြေကြီးပေါ် ပက်လက်လှန်လဲကာ တချက်တချက် တုန်နေသည်။ လည်ပင်းမှ သွေးများလဲတရစပ်စီးကျနေ၏။ သူ့ပါးစပ်မှ တဂီးဂီး မြည်သံသဲ့သဲ့ ထွက်နေသည်က ပို၍ ထူးဆန်းနေသည်။
" ထိသွားတာ သွေးလွှတ်ကြောမဟုတ်ဘူး"
ကျန်ချီထျန်က ချက်ချင်းလျှောက်လာကာ တုန်ယင်နေသည့် ကောင်လေးကို ထိန်းကိုင်လိုက်သည်။ ပိုင်ယွင်ဝမ်လဲ ထိုကောင်လေး မလှုပ်အောင် ချုပ်ထားရင်း ကျန်ကျောက်က လူနာတင်ကား လှမ်းခေါ်သည်။ပိုင်ယွိထန်က မိန်းကလေးကို မေးလိုက်သည်။
" ဘယ်သူ လုပ်သွားတာလဲ"" ကျွန်.. ကျွန်မ မမြင်လိုက်ဘူး... အနက်ရောင် ဝတ်စုံနဲ့.. အဖြူရောင် မျက်နှာဖုံး..."
မိန်းကလေးပြောသည့်စကားက ကြောက်လန့်နေ၍ အဆက်အစပ်မရှိ။" အဲ့ဒီ့လူ ဘယ်ဘက်ကို ထွက်သွားလဲ"
ပိုင်ယွိထန်က ထပ်မေးသည်။" ဟိုဘက်ကို"
မိန်းကလေးက တောအုပ်ထဲ လက်ညိုးထိုးပြလိုက်သည်။ပိုင်ယွိထန်က သေနတ်ထုတ်ကာ ပြေးလိုက်သွား၏။ ပေါင်ကျန့် အငယ်ကောင်နှင့် ကျောက်ဝေတို့လဲ ပိုင်ယွိထန်နောက်မှ လိုက်သွားကြ၏။ ပိုင်ချီလဲ လိုက်သွားဖို့ပြင်တော့ ကျောက်ဝေက လက်ကာပြသည်။
" မင်း ဒီမှာစောင့်နေ"
ထိုသို့ပြောပြီးနောက် သူတို့လေးယောက်က တောထဲပြေးဝင်သွားကြသည်။
ကျန်ကျောက်လဲ နည်းနည်းတော့ တုန်လှုပ်နေသည်။ ထိုအချိန် ခြေသံကြားလိုက်ရ၍ မော့ကြည့်တော့ စောစောအသံကြောင့် ပြေးလာသည့် ကုန်းစွန်းနှင့် ပိုင်ကျင်းထန်တို့ကို တွေ့လိုက်ရသည်။
YOU ARE READING
Special Crime Investigation Journal Of Mystery Book 2 - Completed
Mystery / ThrillerOur S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story