KILLER VS KILLER 28 - ဆင်ဆာ

2K 374 47
                                    


Zawgyi
ပိုင်ချီလေးက စားပွဲထိုးလေးတစ်ယောက်ကို အခန်းနံပါတ်၂၁၇ ၏ တည်နေရာအတိအကျကို မေး၍ သူ့ဘေးမှ လူသတ်လိုသော အမူအရာအပြည့်နှင့် ဖြတ်လာခဲ့သည်။ အခန်းရှေ့ရောက်တော့ နည်းနည်းတည်ငြိမ်သွားသည်။ အလောတကြီးမဖြစ်နေပဲ တုံ့ဆိုင်းနေ၏။ အခုချိန်သာ သူဝင်သွားပါက ခါလူလာနှင့် ကျောက်ဝေတို့ တံခါးနောက်မှာ ဘာများလုပ်နေ...

သို့သော် ထိုသို့တွေးပြီးနောက် ကျောက်ဝေအပေါ် ပိုင်ချီလေးက နည်းနည်းယုံကြည်သွားသည်။ လူပုံကြည့်တော့ လုံးဝမယုံရပေမဲ့ သူ့ကို သဘောကျတယ်လို့ ပြောထားတာပဲလေ.. ပြီးတော့ ကျောက်ဝေက စကားကို လွယ်လွယ်ပြောတတ်သူမဟုတ်မှန်း သူသိသည်။

ထို့ကြောင့် ပိုင်ချီလေးက တံခါးဝတွင် တဝဲလည်လည်ဖြစ်နေရှာသည်။

ဝင်ရင်ကောင်းမလား.. မဝင်ရင်ကောင်းမလား..

သူ သေချာစဉ်းစားနေတုန်း အထဲမှ ခွမ်း ဟူသော အသံကျယ်ကြီးထွက်လာ၏။.. ပန်းအိုးကျကွဲသံ..

" အား"
ပိုင်ချီလေး လန့်သွားရှာသည်။ ခါလူလာ လိုက်နှောင့်ယှက်နေတာမဟုတ်ဘူးလား.. ခုနကကြည့်တော့ ကျောက်ဝေက တော်တော်မူးနေပုံရတာကို..

ဘာပဲဖြစ်ဖြစ်ကွာ

ပိုင်ချီက တံခါးကို အတင်းဆွဲဖွင့်လိုက်သည်။ လော့ခ်ချမထားသောကြောင့် တံခါးပွင့်သွား၍ ကိုယ်ရှိန်သတ်လိုက်ရသည်။

ပိုင်ချီကလဲ ဘာမှတွေးမနေတော့။ တံခါးပွင့်သွားသည်ကိုပင် မစဉ်းစားနိုင်ပဲ အတွင်းထဲ ပြေးဝင်သွား၏။

အဆင့်အတန်းမြင့်ဟိုတယ်တစ်ခု၏ ဈေးအကြီးဆုံး နှစ်ယောက်အိပ်ခန်းက တခြားဟိုတယ်တွေထက် ထူးခြားပေသည်။ အခန်းအလယ်တွင် ရှိနေသော နှစ်ယောက်အိပ်ကုတင်အကြီးကြီးက ရေကူးကန်အလားထင်မှားစေ၏။

အိပ်ရာအကြီးကြီးကိုကြည့်ရင်း ဘာကြောင့်မှန်းမသိ သူစိတ်ဓာတ်ကျသွားသည်။ အသိပြန်ဝင်လာတော့ ကျောက်ဝေရော ခါလူလာပါ အခန်းထဲတွင် ရှိမနေပေ။ ပိုင်ချီက ဟိုကြည့်သည်ကြည့် လိုက်ကြည့်၏။ ခဏအကြာတွင် ရေချိုးခန်းထဲမှ ရေကျသံကြားလိုက်ရသည်။

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now