Killer Vs Killer 05- သံသယတရားခံ

2.6K 494 54
                                    

Zawgyi

Bai Yutang နှင့် Zhan Zhao တို့နှစ်ယောက်လုံး အရေးပေါ်ခန်းသို့ ရောက်သောအခါ အလောင်းငါးလောင်းကို ပိတ်ဖြူဖြင့်လွှမ်း၍ စီထားသည်ကို တွေ့လိုက်ရသည်။

သို့သော် Ben ကတော့ လက်တစ်ဖက်ကို ပတ်တီးစည်းကာ ကုတင်ပေါ် ထိုင်လျက်သား။ Ma Xin က လက်အခြေအနေကို ကြည့်နေပေးပုံရပြီး Bao Zheng ကတော့ သူ့ဘေးတွင် ဒေါသအလွန်ထွက်နေသော မျက်နှာနှင့် ရပ်နေ၏။

"Bao Sir? "

Bai Yutang နှင့် Zhan Zhao တို့က Bao Zheng နာ ရောက်လာကြသည်။

" ဒါ ဘယ်လိုဖြစ်တာလဲ"

"ZJ ရဲ့ လူတွေ လုပ်တာ"

Ben က ရုတ်တရက် စကားပြောလာ၏။ နီရဲမို့မောက်နေသော မျက်လုံးတို့က စောစောက အလွန်အမင်း ငိုထားရသည့်ပုံ.. သူနှင့် နေ့နေ့ညညအတူရှိနေသူတွေ သေသွားရသည်ပဲလေ ဘယ်သူက ဝမ်းမနည်းပဲ ရှိမှာလဲ...

" ခင်ဗျား အဆင်ပြေရဲ့လား"
Zhan Zhao က Ben ၏ အခြေအနေမကောင်းဟု ယူဆ၍ သက်သာလို သက်သာငြား စကားသွားပြောလိုက်သည်။

Ben က Zhan Zhao ကို မော့ကြည့်ရင်း အေးစက်စက် ပြန်ဖြေသည်။
" ဘယ်လိုဖြစ်နေမယ်ထင်လို့လဲ"

Zhan Zhao လန့်သွားကာ အရှက်ရသွားသလိုပင်။

Bai Yutang က မျက်မှောင်ကြုံ့လိုက်ပေမဲ့ Ben အရမ်းစိတ်မကောင်းဖြစ်နိုင်သည်ဟုတွေး၍ သူ့ကိုလဲ အပြစ်မဆိုသာ။

ထို့ကြောင့် Zhan Zhao ကို တစ်ချက်ကြည့်လိုက်သည်... ကြောင်လေး.. ထားလိုက်.. အခုက သူအရမ်းဒေါသထွက်နေမှာ

Zhan Zhao က ဘာမှမဖြစ်သလို ပြန်ကြည့်သည်... ငါ အဲ့လောက်စိတ်ထားညံ့တဲ့သူ မဟုတ်ပါဘူးနော်..

" ဒါက ZJ ရဲ့ လူတွေ လုပ်တာလား..."
Bai Yutang က Bao Zheng ကို မော့ကြည့်ရင်း မေးသည်။

Bao Zheng က Ben ကို ကြည့်ကာ ပြော၏။
" မင်း ရှင်းပြလိုက်ပါ"

Ben က အလောင်းများအား ဖုံးထားသည့် ပိတ်ဖြူစများကို ဆွဲခွာလိုက်၏။ ထို့နောက် အလောင်းအားလုံး၏ ဘယ်ဘက်ရင်အုံကို လက်ညိုးထိုးကာ ပြောလိုက်သည်။
" သူတို့အားလုံးကို သေနတ်တစ်ချက်စီထဲနဲ့ သတ်သွားခဲ့တာ"

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now