Killer Vs Killer 03 - စိတ်ရှုပ်ထွေးစေခြင်း

3.5K 551 70
                                    

Zawgyi

S.C.I ရုံးခန်းထဲသို့ Gongsun တစ်ယောက် စစ်ဆေးမှု ရလဒ်နှင့်အတူ ဝင်လာတော့ ရုံးခန်းတွင်းမှ လေထုကြီး ထူးဆန်းနေသည်ကို သတိထားမိသည်။ လူတိုင်းက ခေါင်းငုံ့ကာ အလုပ်ကို ဖိလုပ်နေကြပြီး အရင်လို စကားသိပ်မပြောပဲ မသက်မသာ ဖြစ်နေပုံရ၏။ Gongsun က အထဲကို ဝင်သွားပြီး ဝင်ပေါက်နှင့် အနီးဆုံးရှိ Zhao Hu ကို မေးလိုက်သည်။
" မင်း ဘာလုပ်နေတာလဲ"

Zhao Hu နှင့် မနီးမဝေးတွင် ထိုင်နေသော Benjamin က လက်ထဲမှ မဂ္ဂဇင်းကိုလှန်ကာ နှုတ်ခမ်းတွန့်ကာ ပြုံး၏။

Gongsun ငုံ့ကြည့်ချိန် Benjamin ကလဲ မော့ကြည့်ရာ တစ်ဦးနှင့်တစ်ဦး အကြည့်ချင်း ဆုံသွားကြသည်။ Gongsun က စစ်ဝတ်စုံဝတ်ထားသော နိုင်ငံခြားသားများကို မုန်းသည့်အတွက် တည့်တည့်ပင် အကြည့်လွှဲကာ လျစ်လျူရှုလိုက်၏။

" အရိုးတွေအတွက် စစ်ဆေးမှု ရလဒ် ထွက်လာတာလား"
Bai Yutang နှင့် Zhan Zhao တို့က အခန်းထဲမှ ထွက်လာကြသည်။

" အင်း.."
Gongsun က ခေါင်းညိတ်၏။
" ရလဒ်က အရမ်းထူးဆန်းတယ်"

" ဘာက ထူးဆန်းတာလဲ"
သူတို့အားလုံး Gongsun ကို အာရုံစိုက်လိုက်ကြ၏။

" အရိုးတွေမှာ ကိုက်ရာတွေ ရှိနေတာ..."
Gongsun စကားမဆုံးသေးခင် အခန်းထဲ ရှိနေသူအားလုံး ကျောချမ်းသွားသည်ကို သတိထားမိလိုက်၏။

Gongsun က လက်ကာပြရင်း ဆက်ပြောသည်။
" ထူးဆန်းတာတွေ လျှောက်မတွေးပါနဲ့... အရိုးတွေကို လူကိုက်ထားတာ မဟုတ်ပါဘူး"

" ဟူး.."
ထိုအခါမှသာ သူတို့အားလုံး သက်ပြင်းချလိုက်ကြ၏။
" ဘာက ကိုက်ထားတာလဲ အဲ့အရိုးတွေကို"

". ... အသားစား သတ္တဝါပဲ. ဝံပုလွေဖြစ်ဖို့များတယ်"
Gongsun က ပခုံးတွန့်ကာ ဖြေ၏။
" တောထဲမှာ အလောင်းတွေ ပစ်ထားရင် ဖြစ်နေကျပဲလေ"

" ဦးခေါင်းခွံက သေစေနိုင်တဲ့ ဒဏ်ရာကရော"
Zhan Zhao က မေးလိုက်သည်။

Gongsun က ခေါင်းညိတ်၏။
" အဲ့ဒါ ခုန ပြောလိုက်တဲ့ ထူးဆန်းတဲ့အရာပဲ"
သူက လက်ဟန်ခြေဟန်ဖြင့် သူ့နောက် လိုက်ခဲ့ကြရန် အချက်ပြလိုက်သည်။

သူတို့အားလုံး မှုခင်းဆေးပညာရှင်အခန်းထဲ ဝင်သွားကြ​တော့ Benjamin လဲ စိတ်ဝင်တစား လိုက်သွားသည်။ အလောင်းခွဲသည့်စားပွဲပေါ်တွင် အရိုးများကို သေချာစီထားသည်။ လူအရိုးနှစ်ခုနှင့် တိရစ္ဆာန်များ၏ အရိုးများ..။

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now