Zawgyi
ညနေခင်းဘက် ကျဉ်းမြောင်းလှသော ကျေးလက် လမ်းသွယ်လေးထဲတွင် လေတဖြူးဖြူးတိုက်ကာ အေးချမ်းနေ၏။ လမ်းတစ်ဖက်တစ်ချက်ရှိ မြက်ရိုင်းပင်လေးများ၏ ရနံ့များနှင့် ပိုးကောင်လေးများ၏ အသံများ ဆူညံနေကာ ကြယ်လေးများလဲ တဖျတ်ဖျတ် တောက်ပနေသည်။
" ကြောင်လေး.. မင်းအဖေက ဟင်းချက်တကယ်ကောင်းတာပဲ... သူက မင်းကို ကောင်းကောင်းပြုစုပြီးမွေးထားတာပဲ..."
Zhan Zhao ကို ကျောပိုးကာ Bai Yutang က Zhan Qitian အား ချီးကျူးလေသည်။" ဒါပေါ့"
Zhan Zhao က Bai Yutang ၏ ကျောပေါ်တွင် အငြိမ့်သား ထိုင်ကာ သွားကြားထိုးတံကို လက်ထဲကိုင်၍ Bai Yutang ၏ ပခုံးကို မေးတင်ထား၏။Bai Yutang ၏ လည်ပင်းကို လက်တစ်ဖက်နှင့် ဖက်ထား၍ ကျန်တစ်ဖက်ဖြင့် သွားကြားထိုးနေ၏။
" မင်းက ကားကို ဘယ်မှာ ရပ်ထားတာလဲကွ... အဝေးကြီးပဲ "" တောင်ခြေမှာလေကွာ..."
Bai Yutang က သက်ပြင်းချကာ ဆက်လျှောက်နေသည်။
" ကားကို နီးနီးလေးမှာ ရပ်ထားရင် မင်းအဖေ သိသွားမှာစိုးလို့ကွ..."" အခုလဲ မသိတာကျလို့.."
Zhan Zhao က သွားကြားဆက်ထိုးနေမြဲ...။
" နီးနီးလေး ရပ်တာမဟုတ်ဘူး"" မင်းကို ကုန်းပိုးထားရတာ ငါပါကွ... ငါတောင် ဘာမှ မပြောဘူး.. မင်းက ဘာတွေ ညည်းတွားနေရတာလဲ"
" ဟွန့်... နှေးနေတာကိုး..."
" အ!!.. သွားဖုံးကို ထိုးမိသွားပြီ..."
" နည်းတောင် နည်းသေးတယ်..."
" ကြွက်သေကောင်..."
" ပြေးထားကွ.. ကျား..."
.........
နှစ်ယောက်သား ရန်ဖြစ်ရင်း စကားများရင်း ကားထဲ ရောက်လာကြသည်။
Bai Yutang က ကားစက်နှိုးကာ မေးလိုက်သည်။
" ကြောင်လေး ငါတို့ ဘယ်ကို အရင်သွားကြမလဲ... Pang Ji နဲ့ သူ့သားကို သွားစစ်ကြမလား"" အင်း...."
Zhan Zhao က မေးစေ့ကို ပွတ်နေသည်။
" အခုက အရမ်းနောက်ကျနေပြီ.. အဲ့ဒါကြောင့် သူတို့ကိုပဲ သွားစစ်မှ ရမယ်... ကျန်တာကို မနက်ဖြန် မနက်မှ ဆက်လုပ်ကြတာပေါ့"
YOU ARE READING
Special Crime Investigation Journal Of Mystery Book 2 - Completed
Mystery / ThrillerOur S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story