Killer Vs Killer 06- ညှိနှိုင်းခြင်း

2.8K 510 68
                                    

Zawgyi


Bai Yutang က S.C.I အဖွဲ့သားများကို ခေါ်၍ မနေ့ညက ပစ်ခတ်ပွဲအကြောင်းနှင့် နိုင်ငံတကာရဲတပ်ဖွဲ့မှ လူခြောက်ယောက် သေကြောင်း ရှင်းပြလိုက်သည်။

သူတို့တစ်ဖွဲ့လုံး စကားစရှာမရဖြစ်သွားကြသည်။

" အဓိပ္ပါယ် မရှိတာ"
Ma Han က တအံ့တသြ မှတ်ချက်ချကာ ဆက်ပြောသည်။
" ဘယ်လူသတ်အဖွဲ့အစည်းကမှ နိုင်ငံတကာရဲတပ်ဖွဲ့ကို ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ရဲမယ်မထင်ဘူး... တကယ်လို့ လုပ်ခဲ့ရင်တောင် သူတို့လုပ်တာပါလို့ အတိအကျကြီး အမှတ်အသားချန်ထားစရာ လိုလို့လား... ကိုယ့်သေတွင်းကိုယ် တူးနေသလို မဖြစ်ဘူးလား"

" အင်း ဟုတ်တာပဲ​နော်"
Bai Chi က ခေါင်းညိတ်ထောက်ခံသည်။
" အဲ့ဒါ ဖြစ်နိုင်တယ်"

" ဒီတစ်ခါ သူတို့နာမည်မပျက်ဖို့အတွက် နိုင်ငံတကာရဲတပ်ဖွဲ့က ZJ အဖွဲ့ကို ချေမှုန်းမှ ရတော့မှာ"
Gongsun က အေးအေးဆေးဆေး ပြောပြသည်။
" အဲ့ဒီအခါကျ TVA က ဈေးကွက်ကို စိတ်ကြိုက် ခြယ်လှယ်လို့ရပြီ"

လူသတ်အဖွဲ့အစည်းတွင် ဈေးကွက်ခြယ်လှယ်သည်ဆိုသည်မှာ ပျော်စရာကောင်းလောက်မည်ဟု သူတို့ထင်သော်လဲ တကယ်က ပြဿနာကြီးတစ်ခုဖြစ်၏။

"Bai Sir. .."
Zhao Hu က ရုတ်တရက် ရှေ့သို့တိုးလာကာ မေးလိုက်သည်။
" တစ်ယောက်ယောက်က ZJ ကို blacklist သွင်းလိုက်တာလား"

Bai Yutang က မျက်မှောင်ကြုံ့ကာ စဉ်းစားရင်း ခေါင်းညိတ်သည်။
" Karula လဲ ရုတ်တရက်ကြီးပေါ်လာတာဆိုတော့"

Luo Tian က Bai Yutang ကို ကြည့်လိုက်သည်။
" အဲ့ဒါက မသင်္ကာစရာပဲ"

Bai Yutang က ခေါင်းညိတ်ကာ Zhan Zhao ကို ကြည့်ရင်း ပြောလိုက်သည်။
" ကျန်တဲ့ ကိစ္စတွေကိုတော့ Ouyang Chun နဲ့ တခြားသူတွေ လာတော့မှ ဆက်ဆွေးနွေးကြတာပေါ့"

ထိုအချိန်တွင် အပြင်မှ Lu Fang ရောက်လာကာ ပြောသည်။
"Xiao Bai. .. လေဆိပ်က ဖုန်းဆက်လာတယ် မြူတွေတအားဆိုင်းနေလို့ ဒီနေ့ လေယာဉ်မထွက်နိုင်ဘူးတဲ့..Ouyang Chun နဲ့ သူ့အဖွဲ့က မနက်ဖြန်နေ့လည်လောက်မှ ရောက်နိုင်မယ်"

Bai Yutang က မျက်မှောင်ကြုံ့လိုက်သည်။
" ဘာ"

" အဲ့ဒါဆို အမှုစစ်ဖို့ မနက်ဖြန် နေ့လည်ထိ စောင့်ရမှာလား". Zhan Zhao က မေးလိုက်သည်။
" ရာသီဥတုက အရမ်းပူတာ... အလောင်းတွေ အနံ့ထွက်ကုန်တော့မှာပဲ"

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now