Murder 1- Innocent Murder Part 3- မြင်ကွင်းနောက်ကွယ်

5.2K 686 46
                                    

Zawgyi

ညစာစားပြီးနောက် Bai Chi က အိမ်တွင်ကျန်နေသော ကလေးနှစ်ယောက်အတွက် ညစာဝယ်သည်။ ကလေးနှစ်ယောက် မှာ Zhao Wei နှင့် Lisbon တို့ပေ။

Bai Yutang နှင့် Zhan Zhao တို့က လမ်းလျှောက် ပြန်ကြသည်။ ဟိုတယ်အပြင်ရောက်တော့ Zhan Zhao နှင့် Bai Yutang တို့ အေးဆေးစွာ လမ်းလျှောက်နေကြသည်။ ရာသီဥတုက နွေရာသီဖြစ်ပေမဲ့ လျှပ်စီးများလက်ကာ မိုးရွာတော့မည့်အသွင် ဆောင်နေသည်။

လမ်းလျှောက်နေရင်း ဖုန်းမြည်လာတော့ Zhan Zhao က ဖုန်းကို ငုံ့ကြည့်ကာ မျက်မှောင်ကြုံ့သွားသည်။

" အယ်ဒီတာလား..."
Bai Yutang က ရယ်မောရင်း စနောက်၏။

Zhan Zhao ကတော့ သက်ပြင်းချကာ ဖုန်းကိုင်လိုက်သည်။
" ဟယ်လို"

Bai Yutang သည်လဲ ဖုန်းနားကပ်ကာ နားထောင်ပေမဲ့ တစ်ဖက်မှ အမျိုးသမီးမှာ စကားပြော မြန်ဆန်လွန်းလှသည်။ ထိုအမျိုးသမီးကို Bai Yutang သိသည်။ Zhan Zhao ၏ စာအုပ်တိုင်းကို ထုတ်ဝေသည့် စာပေတိုက်မှ အယ်ဒီတာ အမျိုးသမီးဖြစ်၏။ Qian Mingyue ဆိုသည့် ထိုအမျိုးသမီးမှာ စိတ်မြန်လက်မြန်ရှိပြီး အလုပ်တော်သူ တစ်ယောက်ဟု Zhan Zhao က ပြောဖူးသည်။

တစ်ဖက်မှ အမျိုးသမီးမှာ အချိန်ကြာမြင့်စွာ စကားပြောသော်လဲ Zhan Zhao မှာ နားထောင်ရုံမှလွဲ၍ ဘာမှပြန်မပြောပေ။ ထိုအမျိုးသမီး၏ စက်သေနတ်ပစ်သကဲ့သို့ တရစပ်စကားဆုံးသွားတော့မှ Zhan Zhao က ပြန်ဖြေသည်။
" ကျွန်တော် မသွားဘူး.. စာအုပ်ကို စီးပွားဖြစ် ရောင်းကောင်းအောင်လုပ်တဲ့ ပွဲတွေကို ကျွန်တော် မသွားဘူးလို့ ပြောထားပြီးသားပါ"

ပြီးသည်နှင့် Zhan Zhao က ဖုန်းချလိုက်သည်။

Bai Yutang က Zhan Zhao မျက်နှာမကောင်းသည်ကိုတွေ့၍ ပြုံးလိုက်သည်။
" ဘာတဲ့လဲ.. သူက မင်းကို အောင်မြင်တဲ့ စာရေးဆရာအဖြစ် လူသိများစေချင်လို့လား"

Zhan Zhao က တိတ်ဆိတ်နေပြီးမှ စကားစသည်။
" Xiao Bai.. ငါ စာမရေးချင်တော့ဘူး"

Bai Yutang က အံ့အားသင့်စွာ ငေးကြည့်ရင်းမှ သက်ပြင်းချသည်။
" မင်း စာရေးရတာ ဒီလောက်သဘောကျတာလေ.. လက်လျှော့လိုက်တော့မလို့လား"

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now