Innocent Murder 19- လျှို့ဝှက်ချက်

3.6K 594 53
                                    

Zawgyi

"ဟုတ်ပြီ...  သိပြီ.."
Zhan Qitian က ကားစတီယာရင်ကို လက်တစ်ဖက်ဖြင့် ကိုင်၍ ကျန်တစ်ဖက်ဖြင့် ဖုန်းကိုင်ထား၏။
" ငါ တခြားနေရာတွေကို လိုက်ရှာကြည့်ပြီးပြီ... ဘာသဲလွန်စမှ မတွေ့ရဘူး... ငါတို့ Xiao Zhao နဲ့ Yutang ကို ဒီအကြောင်း ပြောပြသင့်လား"

ကားမှ တဖြည်းဖြည်းချင်း ကားပါကင်ထဲ ဝင်ရောက်လာ၏။ ပါကင်ထိုးပြီးနောက် ခါးပတ်ကို ဖြုတ်ကာ ဖုန်း၏ တခြားတစ်ဖက်မှ အသံကို နားထောင်နေ၏။ ထို့နောက် သက်ပြင်း အနည်းငယ် ချလိုက်သည်။
" ငါ စိုးရိမ်တာက ကလေးတွေ ဒီပြဿနာရဲ့ အတွင်းကိစ္စတွေ မသိပဲ ဒုက္ခရောက်ကြမှာကိုပဲ..."

" ဟုတ်ပြီ... နားလည်ပြီ..."
တံခါးကို ပိတ်၍ Zhan Qitian က ဖုန်းချလိုက်၏။ ထို့နောက် မျက်လုံးကို လက်ချောင်းတို့နှင့် ပွတ်ကာ ဓာတ်လှေကားဆီ လျှောက်သွား၏။

အထဲရောက်သောအခါ နံပါတ် ၁၁ကို နှိပ်၍ ရှပ်အင်္ကျီမှ ကြယ်သီးတစ်လုံးကို ဖြုတ်ကာ လည်စည်းကို အနည်းငယ် ဖြေလျှော့လိုက်၏။ Zhan Qitian မှာ စောစောက ပြောခဲ့သော အကြောင်းအရာကြောင့် ဘာမှန်းမသိ စိတ်ရှုပ်လာလေ၏။

ဓာတ်လှေကားတံခါး ဖြည်းညင်းစွာ ပွင့်လာပြီး ဓာတ်လှေကားထဲမှ ထွက်ထွက်ချင်း လူတစ်ယောက်က သူ့အား ဘေးဘက်သို့ ဆွဲခေါ်သွား၏။

မှိန်ပျပျသာ လင်းနေသော ​လှေကားပေါ်တွင် Zhan Qitian က မျက်လုံးပြူးကာ သူ့ကို နံရံဘက် တွန်းထားသော ထိုလူကို ကြည့်လိုက်၏။

ထိုလူကလဲ Zhan Qitian ကို စိုက်ကြည့်ကာ တဖြည်းဖြည်းချင်း လွှတ်ပေးလိုက်ပြီး ခြေတစ်လှမ်း နောက်ဆုတ်ကာ စကားစသည်။
" မတွေ့တာ ကြာပြီနော်..."

Zhan Qitian က တိတ်ဆိတ်နေကာ ထွက်သွားမည်ပြင်တော့ ထိုလူက တားလိုက်၏။
" နေပါဦး...Jue မင်းဆီ လာသေးလား"

Zhan Qitian က ခြေလှမ်းတို့ကို ရပ်ကာ မျက်မှောင်ကြုံ့၏။ ထို့နောက် ထိုလူအား လှည့်ကြည့်ကာ ​မဲ့ပြုံးပြုံး၏။
" Jue က ဘယ်သူလဲ... ငါ အဲ့ဒီနာမည် ကြားတောင် မကြားဖူးဘူး"

ထိုလူက သက်ပြင်းချ၏။
" Qitian... ဒီလိုအချိန်မျိုးမှာ သူ အပြင် လျှောက်သွားနေတာ အရမ်း အန္တရာယ် များတယ်နော်...."

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now