Unicode
" ကန်တင်းကို သွားမှာလား"
ကျန်ကျောက်က စိတ်ဝင်စားပုံရလာကာ မေးလိုက်သည်။
" အကြော်စုံရောင်းတဲ့ ကန်တင်းအသေးလေးကိုသွားမှာလား ကန်တင်းအကြီးကြီးကိုသွားမှာလား"ပိုင်ယွိထန်က တိုးဖွဖွရယ်သည်။
"ဒီကျောင်းမှာ အကြော်စုံရောင်းတဲ့ ကန်တင်းအသေးလေးရှိလားမရှိလား ငါ ဘယ်သိမှာလဲဟ.. ငါတို့ကျောင်းမှမဟုတ်တာ.. လာပါ ကန်တင်းအကြီးကိုပဲ သွားရအောင်"ညနေခြောက်နာရီကျော်နေပေမဲ့ ကန်တင်းတွင်တော့ လူပြည့်နေဆဲပင်။ ညနေစာထုပ်ပြီးပြန်သူကပြန် ဒီမှာတစ်ခါတည်းစားသွားသူက စားသွားကြနှင့် စကားသံများပါ ဆူညံနေ၏။
ကျန်ကျောက်နှင့် ပိုင်ယွိထန်တို့က ထိုကန်တင်းထဲ ဝင်လာသည်။
ယေဘုယျပြောရလျှင် ကျောင်းသူလေးများမှာ ဘာသာရပ် ဘယ်နှခုရှိ၍ ဆရာဘယ်နှယောက်သင်သည်ကိုသာမသိချင် မသိမည်။ ကျောင်းထဲတွင် ခပ်ချောချောကောင်လေးတွေ ဘယ်နားရှိလဲတော့ ချက်ချင်းသိကြလေသည်။
ကျန်ကျောက်နှင့် ပိုင်ယွိထန်တို့နှစ်ယောက် ကန်တင်းထဲ ဝင်လာသည်နှင့် ကောင်ချောလေးများကို ငမ်းနေကျ မိန်းကလေးများက ချက်ချင်းသတိထားမိသွားကြသည်။ သူတို့နှစ်ယောက် ဟင်းသွားဝယ်ချိန်တွင်မူ ထိုမိန်းကလေးများ တီတိုးစကားစနေတော့သည်။
" သူတို့နှစ်ယောက်က ဘယ်ဌာနကလို့ထင်လဲ"" ငါလဲ တစ်ခါမှမမြင်ဖူးဘူး..ကျောင်းသားသစ်တွေလားပဲ"
" ကျောင်းသားနဲ့တော့ သိပ်မတူဘူးဟ...အသစ်ရောက်လာတဲ့ ဆရာတွေ ဖြစ်နိုင်တယ်"
မိန်းကလေးများမှာ စိတ်လှုပ်ရှားကာ တက်ကြွစပြုလာပြီး တစ်ယောက်နှင့်တစ်ယောက် သတင်းများဖလှယ်နေကြတော့သည်။ ကောင်မလေးတစ်ယောက်နားတွင် ထိုင်နေသည့် ရည်းစားကောင်လေးမှာ မကျေနပ်သံတစ်ဝက်နှင့် ဝင်ပြောသည်။
" ငါတို့ကျောင်းက ဖြစ်ပုံမရပါဘူးဟာ.. တခြားကျောင်းကနေ ရောက်လာတာဖြစ်ဖြစ် ကျောင်းထဲမှာ ညစာလာစားတာပဲဖြစ်ဖြစ် ဖြစ်နေမှာ"" နင်က ဘယ်လိုသိလဲ"
ရည်းစားဖြစ်သူကောင်မလေးက မေးလိုက်သည်။
YOU ARE READING
Special Crime Investigation Journal Of Mystery Book 2 - Completed
Mystery / ThrillerOur S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story