Special Chapter- Wedding Ceremony

2.9K 414 48
                                    

Zawgyi

လက်ထပ်ပွဲကျင်းပရန်အတွက် ပိုင်ကျင်းထန်က Copenhagen တွင် အပန်းဖြေအိမ်အသေးတစ်လုံး ကြိုတင်၍ ဝယ်လိုက်သည်။ နှစ်တိုင်း ကုန်းစွန်းနှင့်အတူ တစ်ပတ်နှစ်ပတ်လာနေမည်ဟုလဲ စိတ်ကူး၏။

ပွဲစီစဉ်ကြသူများမှာ လူငယ်များဖြစ်ကြ၏။ နည်းလမ်းတို့ ထုံးစံတို့လဲ သိပ်မသိသည့်အပြင် ယောက်ျားလေးနှစ်​ယောက်လက်ထပ်ပွဲကို ပထမဆုံးစီစဉ်ရခြင်းလဲဖြစ်၏။ သတို့သားအရံတွေကလဲ ယောက်ျားနှစ်ယောက်ပင်။ ပိုင်ကျင်းထန်ဘက်မှ အုပ်ထိန်းသူမှာ ပိုင်ယွိထန်ဖြစ်၍ ကုန်းစွန်းဘက်မှတော့ ကျန်ကျောက်ဖြစ်၏။ နှစ်ဖက်မိသားစုထံမှ ကောင်းချီးမရ။ ပိုင်ကျင်းထန်ကတော့ အစောကြီးကတည်းက သူ့မိဘများကိုပြောရန်စိတ်ကူးမရှိ။ ကုန်းစွန်းကလဲ မိဘဆွေမျိုးမရှိသော တစ်ကောင်ကြွက်သာဖြစ်သည်။

SCI တစ်ဖွဲ့လုံး အလုပ်ရှုပ်နေကြသည်။ အမြွှာနှစ်ယောက်ကတော့ ကိတ်မုန့်မှာခြင်း၊ အိမ်အသစ်ကို နေလို့ရအောင်ပြင်ဆင်ခြင်း၊ အစားအသောက်များ မှာခြင်း၊ ပျားရည်ဆမ်းခရီးအတွက် လေယာဉ်လက်မှတ်မှာယူခြင်း စသည်တို့ကို လုပ်ရင်း မနားရ။ အကုန်လုံးကို ပထမတန်းစားသာ မှာယူကြသည်။ မနက်ဖြန် မင်္ဂလာပွဲဖြစ်ကာ အားလုံးကို ချောမွေ့စွာ ပြင်ဆင်ပြီးနေပြီဖြစ်၏။

ထို့ထက်ပိုသည်က သည်တစ်ခေါက် WOLF ကို ရှင်းထုတ်ရန် SCI က ကူညီခဲ့လေရာ လီယိုနာ့ဒ်နှင့် ခါလူလာတို့ကိုလဲ အကူအညီများစွာပေးခဲ့သလိုပင်။ ပန်းပွင့်အင်္ကျီများသာဝတ်တတ်သော ယူဂျင်းက လွန်ခဲ့သောနှစ်ရက်သုံးရက်က Copenhagen ကို ရောက်ခဲ့ပြီး ပိုင်ကျင်းထန်ဆီသို့ နှင်းဆီနီပေါင်း တစ်သောင်း ပို့ပေးခဲ့သည်။ အိမ်အသစ်ထဲမှ ပရိဘောဂ ပစ္စည်းအစုံအလင်မှာ လီယိုနာ့ဒ်ဆီမှ မင်္ဂလာလက်ဖွဲ့ဖြစ်ပြီး ခါလူလာကတော့ ဝိုင်များကို စည်နှင့် ပို့ပေးလေသည်။

ထိုလက်ဆောင်များအားလုံးကို ပိုင်ကျင်းထန်အတော်သဘောကျသည်။

တခြားသူများကလဲ လက်ဆောင်ပစ္စည်းဝယ်ရန် စဉ်းစားနေကြရင်း အလုပ်ရှုပ်နေရာ ကုန်းစွန်းတစ်​ယောက်သာ ယောင်ချာချာနှင့် ဘာလုပ်ရမှန်းမသိဖြစ်နေရှာသည်။

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now