Zawgyi
Zhan Zhao က စကားဆုံးအောင်ပြောလိုက်ပြီး သူတို့အကုန်လုံးကို ဝေ့ကြည့်လိုက်သည်။
" နားလည်လားတော့ မသိဘူး... အရမ်းများ ပျင်းစရာကောင်းနေလား"Zhan Zhao က သူတို့တစ်ယောက်ချင်းစီ၏ မျက်လုံးများကို မျှော်လင့်ချက်အပြည့်နှင့် လိုက်ကြည့်သော်လဲ သူတို့အားလုံးကတော့ သူ့ကို ပြူးကြောင်၍သာ ကြည့်နေကြသည်။
မိနစ်ဝက်ခန့် ကျီးကြည့်ကြောင်ကြည့် ကြည့်နေရာမှ သူတို့အားလုံးက Bai Yutang ကို ' အလင်းပြပါ' ဟူသော ပုံစံနှင့် ဝိုင်းကြည့်လိုက်ကြသည်။
" အဟင်း အဟင်း"
Bai Yutang က ဟန်ပါပါ ချောင်းဟန့်ပြီး စားပွဲပေါ်မှ ပန်းချီအပိုင်းအစ စာရွက်တစ်ရွက်ကို ကိုင်ကာ ထောင်ပြသည်။
" ဒါက ဘာလဲ..."" စာရွက်လေ"
အားလုံးက တစ်ပြိုင်ထဲ ဖြေကြ၏။Bai Yutang က နောက်အစလေးတစ်စကို ကိုင်ကာ ကန့်လန့်ဖြတ်ထောင်ပြရင်း ထပ်မေးသည်။
" အခုရော"" တစ်ဆယ်"
( ရောမဂဏန်းပါ)
Zhao Hu က ကြောင်တောင်တောင် ဖြေ၏။" လက်ဝါးကပ်တိုင်??"
Jiang Ping က ခေါင်းစောင်းကြည့်၏။
" သွေးစုပ်ဖုတ်ကောင်လား..."" ဆရာဝန်??"
Bai Chi က ပြောသည်။
" ဆေးရုံ??"" အိမ်ဆောက်တဲ့ တိုင်??"
Luo Tian က ဖြေသည်။ထို့နောက် Bai Yutang က ကြတ်ခြေခတ်သဏ္ဍာန်မှ အင်္ဂလိပ်အက္ခရာ X ပုံစံပြောင်းလိုက်သည်။
" အခုရော??""X? "
Zhao Hu က ကြောင်အအ ဖြေသည်။"X-men?"
Jiang Ping က ခေါင်းထပ်စောင်းပြန်၏။
" သံမဏိ ဝံပုလွေလား"" အမြှောက်လက္ခဏာ??"
Bai Chi က ဖြေသည်။
" သင်္ချာလား""ချာချာအက??"
Luo Tian က တွေးလိုက်သည်။
" ပျောက်ကွယ်သွားတာမျိုးလေ"Bai Yutang က သူတို့အားလုံးကို ဝေ့ကြည့်ရင်း စာရွက်နှစ်ခုကို ဖယ်၍ စောစောက ဝံပုလွေခေါင်းပုံစံ ပန်းချီကို ပြလိုက်သည်။
" မင်းတို့ စိတ်ထဲမှာ ကြတ်ခြေခတ်နဲ့ X ကို မြင်နေသေးလား"သူတို့အကုန်လုံး ခေါင်းညိတ်လိုက်ကြသည်။
" အင်း"Bai Yutang က ခေါင်းညိတ်လိုက်ပြီး ဝံပုလွေခေါင်းကို ပြန်ထောက်ပြသည်။
" အခု ဘာကို စဉ်းစားမိလဲ"
YOU ARE READING
Special Crime Investigation Journal Of Mystery Book 2 - Completed
Mystery / ThrillerOur S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story