Unicode
ကျန်ကျောက်ရော တခြားသူများပါ ထူးဆန်းသည့် အချစ်ဇာတ်လမ်းထဲ မျောပါသွားကြသည်။ ကျန်းချီထျန်က ဆယ်နှစ်ကျော်ကြာသည်ဟု ပြောလိုက်တော့ ကျန်ကျောက်က မျက်မှောင်ကျုံ့သည်။
" အဲ့ဒါဆို ကျန်းမြောင်းမြောင်အကိုက်ခံရတာ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကလား"
" ဟုတ်တယ်"
ပိုင်ယွင်ဝမ်က ခေါင်းညိတ်၏။
" ရွှီထျန်းက တရားခံကို ဘယ်လိုဖမ်းခဲ့တာလဲ"
ပိုင်ယွိထန်က မေးလိုက်သည်။" သူ့နည်းလမ်းက အရမ်းပြောင်မြောက်တာ .. စိတ်ပညာရပ်ကို သုံးထားတယ်လို့တောင် ပြောလို့ရတယ်"
ပေါင်ကျန့်က ဆက်ပြောပြသည်။
" တရားခံကို သူ့ကိုယ်သူ တကယ့်သွေးစုပ်ဖုတ်ကောင်လို့ ထင်နေတယ်ဆိုတာ သူသိခဲ့တယ် .. သွေးစုပ်ဖုတ်ကောင်လို ဘဝအတိုင်း ရှင်သန်တယ်ဆိုတာလဲ သူတွေးမိတယ်.... အဲ့ဒီ့တော့ သွေးစုပ်ဖုတ်ကောင်တွေရဲ့ အကျင့်ကို သူ လိုက်ရှာတယ်.. နောက်ပိုင်း တရားခံ ပုန်းတဲ့နေရာကို ရှာတွေ့သွားတယ်တဲ့"" အရမ်းမှန်တဲ့ နည်းလမ်းပဲ"
ကျန်ကျောက်က ခေါင်းညိတ်ကာ ဆက်ပြောသည်။
" အဲ့ဒါကြောင့်မို့ သွေးစုပ်ဖုတ်ကောင်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ ခိုးသွားတာလား"" အင်း"
ပိုင်ယွင်ဝမ်က ခေါင်းညိတ်၏။
" သွေးစုပ်ဖုတ်ကောင်ကို သူ ကိုယ်တိုင်ရှာ သတ်ပြီးမှ ရဲခေါ်ခဲ့တာ"" အဲ့ဒါဆို သူ့ကိုရော ဘယ်လိုလုပ်လိုက်လဲ"
ကျန်ကျောက်က မေးလိုက်သည်။" သူ ပျောက်သွားတယ်"
ပိုင်ယွင်ဝမ်က ရှင်းပြသည်။
" ငါတို့ကို အမှုအကြောင်း ပြောပြပြီးတော့ သူ ပျောက်သွားတာပဲ"ကျန်ကျောက်နှင့် ပိုင်ယွိထန်တို့ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ စိတ်ထဲမှ ပြောလိုက်သည်။
... ဒီတစ်ခါ ပစ္စည်းခိုးတာက သွေးစုပ်ဖုတ်ကောင်နဲ့ ပတ်သက်နေတာများလား.." ဒီတောအုပ် ဟိုဘက်နားက သစ်သားအိမ်လေးမှာ သွေးစုပ်ဖုတ်ကောင်ကို တွေ့ခဲ့တာ"
ပေါင်ကျန့်က ဆက်ပြောသည်။
" အိမ်ကတော့ သာမန်သစ်သားအိမ်လေးပဲ.. အရင်က သစ်တောဦးစီးအရာရှိနေတာ.. ဒါပေမဲ့ အဲ့အရာရှိကို သွေးစုပ်ဖုတ်ကောင်က အစာသိုလှောင်ခန်းထဲမှာ သတ်ပစ်ခဲ့တာ"
YOU ARE READING
Special Crime Investigation Journal Of Mystery Book 2 - Completed
Mystery / ThrillerOur S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story