Innocent Murder 13- သူလျှို (The Mole)

3.3K 596 26
                                    

Zawgyi

" ဘာကို စဉ်းစားမိတာလဲ..."
Bai Yutang က သိချင်ဇောဖြင့် မေးလိုက်သည်။

" အင်း.."
Zhan Zhao က သူ့မေးကို ကိုင်ကာ စဉ်းစားပြီးနောက် အိပ်ရာပေါ်မှ ထကာ စတိုခန်းထဲပြေး၍ စက္ကူဗူး သုံးဗူးက်ု ဆွဲလာခဲ့သည်။

" ဒါတွေက ဘာတွေလဲ.."
Bai Yutang က စက္ကူဗူးများကို ကြည့်ကာ မေးလိုက်သည်။ သူက ဖိနပ်ဗူးများဟု ထင်နေခဲ့သည်လေ...။ Zhan Zhaoက ထိုစက္ကူဗူးများကို ဖွင့်လိုက်တော့ ပေးစာများ ပြည့်နှက်နေသည်ကို Bai Yutang တစ်ယောက် အံ့သြဖွယ် တွေ့လိုက်ရသည်။

" စာဖတ်သူတွေက ငါ့ဆီပို့ထားတဲ့ စာတွေ... အယ်ဒီတာက စိစစ်ပြီး ငါ့ဆီ ပို့ထားတာ"
Zhan Zhao က တိုးတိုးလေးပြောကာ မျက်လုံးလေး လှန်၍ Bai Yutang ကို မရဲတရဲ ခိုးကြည့်သည်။

"ကြောင်လေး..."
Bai Yutang က စက္ကူဗူး သုံးဗူးကို လက်ညိုးထိုးပြသည်။
" ဘာလို့ ငါ ဒါတွေကို တစ်ခုမှ မသိရတာလဲ..."

" မင်းက အရမ်း သဝန်တိုတတ်တာကိုးလို့..."
Zhan Zhao က တိုးတိတ်စွာ ပြော၏။
" ငါပြောပြရင် မင်းက ငါမသိအောင် တိတ်တိတ်လေး မီးရှို့ပစ်မှာလေ... မဟုတ်လို့လား"

" ဟွန့်.."
Bai Yutang က မျက်ခုံးပင့်ကာ စိတ်ထဲမှ ရေရွတ်သည်။
... မင်း ဖတ်ပြီးတာနဲ့ကို ​ရှေ့တင် မီးရှို့မှာ....

Zhan Zhao က ဗူးထဲမှ စာအိတ်များကို မီးရောင်အောက်တွင် ထား၍ ရှာနေသည်။

" ဘာတွေ ရှာနေတာလဲ.."
Bai Yutang ​က မေးလိုက်သည်။

" ဒီစာအိတ်တွေထဲမှာ ခုနကလို ပန်းပွင့်တွေနဲ့ စာအိတ်မျိုး တွေ့ဖူးတာကို ငါ သတိရလို့..."

"ပန်းပွင့်တွေ.."
Bai Yutang လဲ စက္ကူဗူးထဲ ကူရှာပေးသည်။
"ကြောင်လေး... မင်း ဒီစာအိတ်တွေကို တစ်ခါမှ ဖွင့်မကြည့်ဖူးလား"

" အင်း... စာအိတ်တွေထဲမှာ ဓာတ်ပုံတွေပဲ ပါတာ... စိတ်ဝင်စားဖို့ ကောင်းတယ်"
Zhan Zhao က ပွင့်ပွင့်လင်းလင်း ပြောသည်။
" အာ... တွေ့ပြီ.."
ပြောရင်းနှင့် Zhan Zhao က ပုံစံတူ ပန်းရောင်စာအိတ်သုံးအိတ်ကို ဆွဲထုတ်လိုက်သည်။
" ဒါကို ရှာနေတာ..."

" အစောဆုံးဟာက လွန်ခဲ့တဲ့ နှစ်ဝက်ကတည်းက ပို့ထားတာပဲ...."
Bai Yutang က မျက်ခုံးပင့်ကာ စာအိတ်ကို သေချာကြည့်တော့ ပို့သူအမည်မပါပဲ ကျောင်းသားတစ်ဦးဟုသာ ရေးထားသည်။

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now