KILLER VS KILLER 19- ရည်မှန်းချက်

2K 419 13
                                    

Zawgyi

ရဲများရောက်လာတော့ အခြေအနေတွေ ရှုပ်ထွေးကုန်၏။ Ouyang Chun က နယ်မြေရဲများနှင့်သိ၍ စကား​ပြောရဆိုရ ပိုအဆင်ပြေသွားသည်။ SCI တစ်ဖွဲ့လုံးကလဲ ရဲစစ်ချက်ကို ပူးပေါင်းဆောင်ရွက်ပေးကြသည်။ Bai Yutang က အရှင်ဖမ်းမိသော သမန်းဝံပုလွေနှစ်ကောင်ကို စစ်မေးရန်အတွက် သူတို့အိမ်မှာပဲ ဖမ်းခေါ်ထားဖို့ Ouyang Chun အား အကြံပြုနေသည်။

သူတို့အားလုံး အလုပ်ရှုပ်နေကြချိန်တွင် Bai Yutang လှေကားပေါ်မှ ဆွဲခေါ်လာပြီး ဆိုဖာပေါ် ထိုင်ခိုင်းထားသော Zhan Zhao မှာ လှေကားပေါ် ပြန်တက်သွား၏။ အပေါ်ထပ်တွင်လဲ သက်သေယူနေသော ရဲများရှိသည်။ ဝရန်တာအပြင်ကို ထွက်တော့ လေတဖြူးဖြူးတိုက်နေသော ခုံတန်းကျယ်လေးတစ်ခုတွင် ထိုင်နေသော Zhao Jue ကို တွေ့လိုက်ရ၏။

Zhan Zhao က အရှေ့ကို လျှောက်လာကာ Zhao Jue နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်ချလိုက်သည်။ Zhao Jue က မျက်နှာတစ်ချက်မော့ကြည့်ကာ Zhan Zhao ကို မြင်တော့ စိတ်အနည်းငယ် ပျက်သွားသလို ပြန်ငုံ့သွား၏။

" ခင်ဗျား ဒီမှာ ဘာလုပ်နေတာလဲ"
Zhan Zhao က မေးသည်။

Zhao Jue က ငူငူလေး ထိုင်နေပြီး အသံမထွက်ချင် ထွက်ချင်နှင့် ဖြေ၏။
" မင်းကို ရှောင်နေတာလေ... အဲ့ဒါမှ အဖွဲ့ထဲက မထွက်ရမှာပေါ့..."

Zhan Zhao က ဘာပြန်ပြောရမှန်းမသိ။
" ခင်ဗျား Xiao Bai ကို စိတ်ဆိုးနေတာလား"

Zhao Jue ကို တစ်စုံတစ်ခုကို ပြန်စဉ်းစားမိသွားသလို နှုတ်ခမ်းမဲ့သည်။

" ဒီမှာ "
Zhan Zhao က Zhao Jue မျက်နှာရှေ့ လက်ယမ်းပြလိုက်သည်။
" ကျွန်တော် မေးစရာရှိလို့..."

Zhao Jue က မျက်နှာမော့လာပြီး မျက်လုံးတစ်ဖက် မှိတ်ပြသည်။

" ကျွန်တော်နဲ့ Xiao Bai ခင်ဗျား ဘယ်သူ့ကို ပိုသဘောကျလဲ"
Zhan Zhao က မျှော်လင့်မထားသော မေးခွန်းကို မေးလိုက်သည်။

Zhao Jue လဲ ထိုအခါမှ အသိစိတ်ဝင်လာကာ အကြာကြီး စဉ်းစားနေပြီး ပြုံးလိုက်၏။
" မင်းက ငါနဲ့ ကစားချင်လို့လား"

Zhan Zhao က ခေါင်းရမ်းကာ ပြန်အော်၏။
" ခင်ဗျားဘာတွေ ပြောနေတာလဲ... စကားအကောင်းလေး ဘာလေး မပြောတတ်ဘူးလား..."

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now