Unicode
" ဘယ်သူ့ကို အရင်စစ်မှာလဲ.. ချောင်ဝေ့မင်လား ဝမ်ရိမင်လား"
ပိုင်ယွိထန်က ကျန်ကျောက်ကို မေးလိုက်သည်။ကျန်ကျောက်က ခဏစဥ်းစားနေသည်။
" ဝမ်ရိမင်ကို အရင်မေးရအောင်လေ"" အင်း"
ပိုင်ယွိထန်က ခေါင်းညိတ်၍ ကျန်ကျောက်နှင့်အတူ စစ်ဆေးခန်းထဲ ဝင်သွားသည်။တခြားအဖွဲ့သားတွေကအခန်းတစ်ဖက်ရှိ တစ်ဖက်မြင်မှန်မှ စောင့်ကြည့်နေကြ၏။ ပိုင်ကျင်းထန် ကျောက်ဝေ အမြွှာနှစ်ကောင်တို့ကလဲ ထိုအခန်းလေးထဲ ပြွတ်သိပ်ရပ်နေကြ၏။ သူတို့လဲ အရူးဦးလေးကြီးအကြောင်းကို အတော်စိတ်ဝင်စားပုံရသည်။
" ဝမ်ရိမင်"
ပိုင်ယွိထန်က ရှေ့တည့်တည့်တွင် ဝင်ထိုင်ကာ ထိုသူကို ကြည့်၏။အရူးဦးလေးကြီးက ခေါင်းမော့ကြည့်သည်။
ကျန်ကျောက်က မေးလိုက်သည်။
" ခင်ဗျား ရူးနေတာ မဟုတ်ဘူးမလား"ဝမ်ရိမင်က ခေါင်းရမ်းသည်။
" မရူးပါဘူး"သူတို့အားလုံး မျက်မှောင်ကြုံ့သွားကြသည်။ ထိုသူ့အသံက အက်ကွဲကာ ကြောက်စရာကြီး ဖြစ်နေ၏။
" ပေါက်ကွဲမှုဖြစ်တုန်းက အသံအိုးထိခိုက်သွားလို့ပါ"
ဝမ်ရိမင်က အေးအေးသက်သာ ပြန်ပြောသည်။
" အသံက ကြောက်စရာကောင်းနေရင် ကျောင်းအုပ်ကြီးနဲ့ တခြားသူတွေ ရိပ်မိမှာစိုးလို့ ရူးချင်ယောင် အ, ချင်ယောင်ဆောင်နေတာပါ"" အဲ့ဒီ့နှစ်က ဘာဖြစ်ခဲ့တာလဲ"
ပိုင်ယွိထန်ကမေးလိုက်သည်။ဝမ်ရိမင်က သူတို့နှစ်ယောက်ကိုကြည့်၍ ဖြည်းဖြည်းလေးလေး ဖြေသည်။
" ချင်းချင်းက ကျွန်တော်ငယ်ငယ်ထဲက ချစ်ခဲ့ရတဲ့ကလေးပါ.. သူက ကျွန်တော့်ထက်ငယ်တယ် .. ကျွန်တော် ဆရာဖြစ်ပြီး ကျောင်းမှာအဆောင်နေတဲ့အချိန် သူက အနုပညာတက္ကသိုလ်မှာ ပန်းချီပညာအဓိကနဲ့ ကျောင်းတက်နေခဲ့တာ.. အဲ့ဒီ့ခေတ်က ပန်းချီပညာကို သိပ်နားမလည်ကြဘူး သူပြောတာကတော့ သူတို့ကျောင်းက ကျောင်းချိန်သိပ်မများဘူးတဲ့.. အဲ့တော့ ကျောင်းတက်နေရင်းနဲ့ သူ အလုပ်လုပ်တယ် .. ပစ္စည်းပို့တဲ့အလုပ်ကို သဘောအကျဆုံးပဲတဲ့.. သူက မြို့ကိုအရမ်းချစ်တယ် မြို့ပတ်ပြီး ရှုခင်းကြည့်လို့ရတယ် ပုံတွေဆွဲလို့ရတယ်တဲ့"
YOU ARE READING
Special Crime Investigation Journal Of Mystery Book 2 - Completed
Mystery / ThrillerOur S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story