ထိပ်တန်းလျှို့ဝှက်ချက် ၂

715 108 2
                                    

Unicode

ပိုင်ဖေဖေနှင့် ကျန်ဖေဖေတို့၏ လျှို့ဝှက်ဖိုင်များ.....

​​​ရဲဌာနတွင် ထိပ်တန်းရဲများ၏ ထိပ်တန်းလျှို့ဝှက်ဖိုင်များ သီးသန့်ထားသည့် လျှို့ဝှက်ခန်းတစ်ခန်းရှိသည်ဟု ဆိုကြသည်။ ထိုဖိုင်များထဲမှ အထူဆုံးဖိုင်နှစ်ခုတွင် တစ်ခုက ထိုအချိန်က မှုခင်းစုံစမ်းရေးအဖွဲ့ခေါင်းဆောင်ဖြစ်သူ ပိုင်ယွင်ဝမ်၏ ဖိုင်တွဲဖြစ်ပြီး နောက်တစ်ခုကတော့ အမှုတွဲများကို မှုခင်းဆရာဝန်အနေနှင့် လာရောက်ကူညီပေးသည့် ကျန်ချီထျန်၏ ဖိုင်တွဲဟုဆိုသည်။

သူတို့နှစ်ယောက်၏ ဖိုင်တွဲမှာ အထူးလျို့ဝှက်ချက်ဖြစ်ကာ ဘယ်သူမှ ဖတ်ခွင့်မရှိဟု ပြောလေ့ရှိကြသည်။

သို့သော် လူ့စိတ်ဆိုသည်က မသိရလေ ပိုသိချင်လေဖြစ်ကာ အဆိုပါ ဖိုင်တွဲနှစ်ခုမှာ ရဲဌာန၏ ထိပ်တန်းလျှို့ဝှက်ချက်များထဲမှ ပိုင်ယွိထန်နှင့် ကျန်ကျောက်တို့ စိတ်ကူးသာယဉ်နိုင်သည့် အရာတစ်ခုသာ ဖြစ်လေသည်။

ဤသို့ဖြင့် နေသာသော တနင်္ဂနွေတစ်နေ့သို့ ရောက်လာခဲ့၏။

ကျန်ကျောက် အိပ်ရာမှ နိုးတော့ သူ့ဘေးတွင် ဘယ်သူမှမရှိသည့်အတွက် ကြောင်သွားသည်။ လက်ဆန့်ကာ ဘေးဘီ လိုက်စမ်းကြည့်တော့ အေးစက်နေ၏။ နာရီကို ကြည့်မိသောအခါ အခုမှ မနက်၇နာရီကျော်ကျော်လေးသာ ရှိ၏။

ပိုင်ယွိထန်တစ်ယောက် တနင်္ဂနွေနေ့ကြီး အစောကြီး ဘာထလုပ်သည်ကို ကျန်ကျောက်စဉ်းစားမရ။

ထို့အပြင် အရင်နေ့တွေကဆို စနေ တနင်္ဂနွေ ပိတ်ရက်တိုင်း ပိုင်ယွိထန်က သူ မနိုးမချင်း ဘေးက အတင်း လိုက်စ လိုက်နှိုးပြီးမှ မနက်စာ သွားပြင်တတ်သည်။ သို့မဟုတ်မနက်ခင်းတဖြတ် သူ လုပ်ချင်ရာ လုပ်တတ်သည်။

ကျန်​ကျောက်လဲ ထူးဆန်းသည်ဟု တွေးရင်း ဟိုဘက်လှိမ့်၍ ပြန်အိပ်သည်။

သို့သော် ဆယ်မိနစ်အကြာတွင် ကျန်ကျောက် ထထိုင်လိုက်သည်။
... အိပ်မပျော်တော့...

ညအိပ်ဝတ်စုံဝတ်ထားလျက်နှင့် ပိုင်ယွိထန်ဝယ်ပေးထားသော ဂါဖီးဖိနပ်ကိုစီးကာ အိပ်ခန်းထဲမှ ထွက်လာခဲ့၏။

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now