Love Murder 27- Mysterious Cargo

1.1K 157 15
                                    

Unicode

ကျန်ကျောက်က ပိုင်ယွိထန်ကိုခေါ်ကာ ပါရီ၏ ပုံတူကို ပြသည်။ ထို့နောက် ပိုင်ယွိထန်လဲ ကျန်းပင်ကို ဖုန်းလှမ်းဆက်၍ ပုံတူပန်းချီကားကို စစ်ဆေးခိုင်းကာ သဲလွန်စရှာတွေ့ရန် မျှော်လင့်ကြသည်။

ထိုအချိန်တွင် လီဟောက်က စင်ပေါ်တက်ကာ လေလံပွဲကို စတင်နေသည်။ အစီအစဉ်တင်ဆက်သူက လေလံပွဲကို လွှဲပြောင်းယူသည့်အချိန်တွင်တော့ လီဟောက်လဲ စင်ပေါ်မှဆင်း၍ အသက်သုံးဆယ်ခန့်လူတစ်ယောက်နှင့် စကားအနည်းငယ်ပြောပြီးနောက် ဓာတ်လှေကားဆီသို့ အတူလျှောက်သွားကြသည်။

" ဘာမှလဲ မသိခဲ့ရဘူး"
ကျန်ကျောက်က နောင်တရနေသလိုပြောတော့ ပိုင်ယွိထန်က ပြုံးရယ်၍ နားကြပ်တစ်စုံထုတ်ကာ ကျန်ကျောက်နားထဲ တပ်ပေးလိုက်သည်။

ပထမတော့ ကျန်ကျောက်လဲ ကြောင်အသွား​ပေမဲ့ မကြာခင်မှာပင် လူစကားပြောသံများကို ကြားလိုက်ရ၏။ ထို့နောက် လီဟောက်အသံလဲ ပါလာသည်။

" ကျန်ကျောက်နဲ့ ပိုင်ယွိထန်တို့က အမှုစုံစမ်းဖို့ ရောက်လာကြတာ... အခုတလော အခြေအနေတွေလဲ ကြပ်နေတယ်... ဒီပစ္စည်းတွေ ကိုင်တွယ်တဲ့နေရာမှာ ဂရုစိုက်ဖို့လိုတယ်"

လီဟောက်က တခြားတစ်ယောက်ကို ပြောနေသည်။

"သိပါတယ်"
တခြားသူက ပြန်ဖြေ၏။
" အခုတလော အဲ့မိန်းမက နေရာစုံမှာ ပြဿနာရှာနေတာ"

" သူ့ကို ဂရုစိုက်မနေနဲ့"
လီဟောက်က ပေါ့ပါးစွာ ပြန်ပြောလိုက်သည်။
" သူနဲ့ သွားမပတ်သက်မိအောင်ပဲ ဂရုစိုက်.. ပစ္စည်းတွေ လက်ထဲရောက်တာနဲ့ သင်္ဘောပေါ် တင်ပေးလိုက်"

" မနက်ဖြန် တင်ဖို့စီစဉ်ထားပါတယ်"
တခြားသူက ပြန်ဖြေ၏။

" ဒီညပဲ ပို့လိုက်"

" ကောင်းပါပြီ"

ထိုအချိန်တွင် ဓာတ်လှေကားတံခါးပွင့်သံကို ကြားလိုက်ရသည့်အတွက် ကျန်ကျောက်က ပိုင်ယွိထန်ကို  မော့ကြည့်သည်။ ပိုင်ယွိထန်က ဓာတ်လှေကားထဲ အသံဖမ်းစက်တစ်ခု ထည့်ခဲ့ခြင်းဖြစ်ရမည်။

" ကောင်းပြီလေ"
ကျန်ကျောက် ပြုံးနေသည်။

ထိုအချိန်တွင် ပိုင်ယွိထန်က ဖုန်းထုတ်လိုက်၏။
" ကျန်းလုံနဲ့ ဝမ်ချောင်တို့လဲ ငါနဲ့အတူပါလာတယ်"

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now