Love Murder 15- မကောင်းဆိုးဝါး

611 101 1
                                    

Unicode

ထိုအခါတွင်တော့ အဖိုးအိုက မပီမသ လေသံဖြင့် ပြောလေသည်။ အချိန်က ညနေခင်း အတော်နောက်ကျနေပြီဖြစ်၏။

" လူမဟုတ်ဘူး"

ကျန်ကျောက်ရော ပိုင်ယွိထန်တို့ပါ ကျောဘက်မှ လေအေးတို့ တိုက်ခတ်နေသည်ကို ခံစားမိသွား၏။

ရွှီပေါင်က တံတွေးမျိုချကာ အဖိုးချီကို ပြန်မေးသည်။

" အဘကလဲဗျာ... ဘာက လူမဟုတ်တာလဲဗျ"

" အင်း ... အဖြစ်အပျက်ကတော့ တော်တော်ကြာပြီကွဲ့"
အဖိုးအိုက သက်ပြင်းချကာ ပြန်ပြောသည်။ ထိုင်စရာ ခုံတစ်ခုံ လိုက်ရှာရင်း ထိုင်လိုက်သလို ကျန်ကျောက်တို့သုံးယောက်လဲ ခုံအသေးလေးများယူကာ အဖိုးအိုနား ဝိုင်းထိုင်လိုက်ကြ၏။

" ဘယ်လိုပြောရမလဲ.. လွန်ခဲ့တဲ့ နှစ်ငါးဆယ်ခြောက်ဆယ်လောက်ကပေါ့ကွယ်"
အဖိုးအိုက ထိုင်ရင်း စကားစသည်။

" တော်တော်ကြာပြီပဲနော် အဖိုး"
ကျန်ကျောက်က နည်းနည်းအံ့ဩသွားကာ ပြန်​ပြောလိုက်သည်။
" အဲ့ဒီ့အချိန်ကဆို လွတ်လပ်ရေးရပြီးကာစပေါ့နော်"

" ဟုတ်တာပေါ့"
အဖိုးအိုက ခေါင်းညိတ်သည်။
" အခြေအနေတွေက အရမ်းမတည်ငြိမ်သေးတော့ ငါတို့တောင်မှ အရိုက်ခံရမှာစိုးလို့ အပြင်မထွက်ရဲကြဘူး... ရွာတွေမှာ ပြည်သူ့တပ်ဖွဲ့လေးတွေ ဖွဲ့ထားကြတဲ့အချိန်တွေ"

ပိုင်ယွိထန်ရော ကျန်ကျောက်ပါ ခေါင်းညိတ်လိုက်ကြသည်။ သူတို့ မမှီလိုက်ပေမဲ့ သူတို့မိဘများ အဖိုးအဖွားများ ပြောကြသည်ကို ပုံပြင်များသဖွယ် နားထောင်ခဲ့ကြဖူးလေသည်။
" ပြည်သူ့တပ်ဖွဲ့ ဖွဲ့တဲ့အချိန်မှာ လက်နက်တွေတော့ သေချာမထိန်းချုပ်နိုင်သေးဘူးပေါ့... ငါတို့အားလုံးမှာ သေနတ်တွေ ရှိကြတယ်... အစောတုန်းကတော့ ငါတို့က မြောက်ကိုရီးယားအဖွဲ့နဲ့အတူ အမေရိကန်တွေကို တိုကိဖို့ ကြံစည်ကြတာ...ရာလုမြစ်တစ်ဖက်ကမ်းကို စစ်ကားတွေရောက်တဲ့အချိန် တိုက်ပွဲအကြီးအကျယ် ဖြစ်ကုန်ကြတာပဲ... ငါတို့ ပြန်လာတဲ့အချိန် ငါက တိုက်ပွဲအတော်များများ ဝင်ဖူးတဲ့သူလို့ သတ်မှတ်လို့ရတာပေါ့... စစ်ပြန်ကြီးလေ.. ငါတို့ရွာမှာ အဲ့လိုမျိုးအတွေ့အကြုံရှိတဲ့သူ နည်းတော့ ငါပဲ ရွာ က စစ်တပ်ရဲ့ ခေါင်းဆောင်ဖြစ်လာခဲ့တာပဲ"

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now