Love Murder 06 - စုံစမ်းစစ်ဆေးရေး

1.1K 195 15
                                    

Unicode

" ကြောင်လေး.. ငါ့ကို မွေးနေ့ဆုတောင်းလေးတစ်ခု ဖြည့်ပေးလို့ရမလား"
ပိုင်ယွိထန်က နှုတ်ခမ်းဖျားလေးမှ နွေးထွေးမှုကြောင့်အခွင့်အရေးကို အမိအရဆုပ်ကိုင်၍ မေးလိုက်သည်။

ကျန်ကျောက်က ပြုံးလိုက်ရင်း ပြန်မေးသည်။
" ပြောကြည့်လေ"

" အခုချက်ချင်း အတူဟိုဟာ..  ရအောင်"
ပိုင်ယွိထန်က အတိအကျပြောလိုက်သည်။

ကျန်ကျောက် ခေါင်းညိတ်သည်ကို မြင်လိုက်ရတော့ ပိုင်ယွိထန် ချက်ချင်းအားတက်သွား၏။ ကျန်ကျောက်ကိုယ်လုံးလေးကို ကောက်ပွေ့ကာ အိပ်ခန်းထဲ ပြေးသွား၍ ကုတင်ပေါ် တင်လိုက်သည်။ ထိုအချိန်မှ ကျန်ကျောက်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။
" ရှောင်ပိုင်.. ငါလဲ မွေးနေ့ဆုတောင်းရှိတယ်လေ"

ပိုင်ယွိထန်က မျက်တောင်တစ်ချက်ခတ်ကာ ကျန်ကျောက်ကိုကြည့်တော့ ကျန်ကျောက်မှာ စောင်နှင့် ကိုယ်ကိုပတ်ကာ တစ်ပတ်လှိမ့်သွားသည်။
" အိပ်ငိုက်နေပြီ မီးပိတ်တော့"

ပိုင်ယွိထန်မှာ ကြောင်အနေကာ တစ်ကိုယ်လုံးစောင်ပတ်၍ ခေါင်းလေးသာဖော်ထားသည့် ကျန်ကျောက်ကိုကြည့်ရင်း ဘာမှမတတ်နိုင်ပဲ သက်ပြင်းချသည်။ ထို့နောက် မီးပိတ်ကာ စောင်ခြုံလိုက်ရ၏။

မီးပိတ်ပြီး ဆယ်စက္ကန့်အကြာ...

" ကြွက်သေကောင်.. မင်းလက်က ဘာလုပ်နေတာလဲ"

" ကိုင်တာလေ"

" မကိုင်ရဘူး.. အိပ်တော့"

" အိပ်ပျော်နေပြီလေ.. အိပ်ရင်းယောင်တဲ့ဟာကို"

.......

နောက်တစ်နေ့မနက် ပိုင်ယွိထန်နှိုးမှ ကျန်ကျောက်ထနိုင်သည်။ အကုန်အဆင်သင့်ဖြစ်နေသည့် ပိုင်ယွိထန်က မျက်လုံးမပွင့်သေးသော ကျန်ကျောက်ကို စောင်ခြုံထဲမှ ဆွဲထုတ်ကာ SCI သို့ သွားကြသည်။

" ရှောင်ပိုင်... အမှုအခြေအနေ ဘယ်လိုရှိလဲ"
ကျန်ကျောက်က ပိုင်ယွိထန်ကို မေးလိုက်သည်။
" ငါတို့လုပ်နိုင်တာ ဘာရှိသေးလဲ.. စာရင်းထဲက လူတွေကို ခေါ်စစ်ရမှာလား"

ပိုင်ယွိထန်က သက်ပြင်းချသည်။
" အဲ့ဒါက နည်းနည်းတော့ ပြဿနာကြီးမှာကွ.. အခုတလောတော့ တခြားအမှုတွေ ဘာမှမဖြစ်ပါစေနဲ့လို့ဆုတောင်းရမှာပဲ.. မဟုတ်ရင်တော့ ဖြေရှင်းလို့ပြီးမှာမဟုတ်တော့ဘူး"

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now