Unicode
" ဘာက မူမမှန်တာလဲ"
ကျန်ကျောက်က လော့ထျန်ကို လှည့်ကြည့်၍ မေးလိုက်သည်။လော့ထျန်က ထိုအိမ်ကြီးကို ပြန်ငေးနေတော့ ပိုင်ယွိထန်က ကားစက်နှိုးရင်း အေးစက်စက်ပြုံး၏။
" ငါတို့ထွက်လာတာ ဒီလောက်ကြာပြီ သူ ပြတင်းပေါက်ကနေ ငေးကြည့်နေတုန်းပဲ စက်ဆုပ်စရာပဲ"ကျန်ကျောက်ရော ကုန်းစွန်းကပါ ထိုအိမ်ဆီသို့ လှည့်ကြည့်လိုက်ကြသည်။ ချောင်ဝေ့မင်မှာ ဒုတိယထပ် ပြတင်းတံခါးရှေ့ရပ်ကာ မှုန်ကုပ်ကုပ်နှင့် ငေးကြည့်နေ၏။ သူ့မျက်နှာတစ်ဝက်က လိုက်ကာနှင့် ကာထားပြီး ကြည့်ရတာ စိတ်မသက်သာစရာ။
ကျန်ကျောက်က တစ်ဖက်ကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။
"ဒုတိယထပ်ကနေကြည့်ရင် သင်္ချိုင်းထဲကို ကောင်းကောင်းမြင်ရမှာပဲ ""ထူးဆန်းတယ် "
ကုန်းစွန်းက လော့ထျန်ကို ပြန်မေးလိုက်သည်။
" ဘာက ထူးဆန်းတာလဲ ""သူ့မျက်နှာတစ်ခြမ်း လေဖြန်းထားတယ်ပြောတယ်လေ အဲ့ဒါဆို ဘာလို့ တခြားအမူအရာတွေ မလုပ်နိုင်ရတာလဲ "
ကုန်းစွန်းက ပြန်ဖြေ၏။
"စိတ်လျှော့ပါ မျက်နှာအကြောသေသွားတာမှ မဟုတ်ပဲ လေဖြန်းတယ်ဆိုတာမျိုးက မျက်နှာပေါ်က အကြောတချို့ အလုပ်မလုပ်နိုင်တော့တာ မျက်နှာအမူအရာတချို့ကိုတော့ လုပ်ဖို့ခဲယဥ်းမှာပေါ့ ""အဲ့ဒါဆို သူက ဘာလို့ မျက်နှာအကြောသေနေတယ်လို့ပါ ပြောရတာလဲ "
ကျန်ကျောက်ကပါ ဇဝေဇဝါနှင့် ဝင်ပြောလိုက်သည်။" သူ့အပြုံးက ထူးဆန်းနေတယ်လို့ မထင်ကြဘူးလား "
လော့ထျန်က ဝင်မေးကာ သူပဲ ပြန်ဖြေသည်။
" ကျွန်တော် အဲ့လိုအပြုံးမျိုး မြင်ဖူးတယ် ""ဟမ် "
ပိုင်ယွိထန်က နောက်ကြည့်မှန်မှ ကြည့်ပြီး ကျန်ကျောက်နှင့် ကုန်းစွန်းတို့က လှည့်ကြည့်ကာ မေးလိုက်သည်။
" ဘယ်မှာ မြင်ဖူးတာလဲ "လော့ထျန်က ခဏလောက် တိတ်ဆိတ်နေပြီးမှ စကားစသည်။
"ကျွန်တော်လဲ အဲ့လိုပဲ ပြုံးတတ်တာ "ပိုင်ယွိထန်က ကားကို လမ်းဘေးထိုးရပ်လိုက်ပြီး နောက်လှည့်ကြည့်သည်။
" ခင်ဗျားဘာကိုဆိုလိုချင်တာလဲ"
YOU ARE READING
Special Crime Investigation Journal Of Mystery Book 2 - Completed
Mystery / ThrillerOur S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story