KILLER'S PASSWORD 7- Ghost story

1.6K 300 6
                                    

Unicode

ပိုင်ယွိထန်နှင့် ကျန်ကျောက်တို့ ရဲစခန်းပြန်ရောက်လာသည်နှင့် ရေကို အလုအယက်သောက်ကြရသည်။

ကျန်ကျောက်က အပြန်လမ်းတစ်လျှောက်လုံး ပိုင်ယွိထန်ကို ခြိမ်းခြောက်လာရသဖြင့် အာတွေခြောက်ကုန်သည်။ ပိုင်ယွိထန်ကတော့ မပြောရေးချ မပြော။

SCI အဖွဲ့သားအတော်များများက အိမ်ပြန်သွားကြပြီး ပိုင်ချီနှင့် လော့ထျန်တို့သာ ညဂျူတီကျ၍ ရှိနေကြသည်။

ကျန်ကျောက်က ဆိုဖာပေါ်တွင်ခြေချိတ်ထိုင်ရင်း ကျောက်ဝေစာအုပ်ကိုဖတ်နေသော ပိုင်ချီအား လှမ်းကြည့်လိုက်သည်။ ပိုင်ချီက စာအုပ်ကို ညဂျူတီအားချိန်တွင် ဖတ်ဖို့ဝယ်ထားသည်ကိုး လော့ထျန်ကို ကြည့်လိုက်ပြန်တော့ သူကလဲ ပိုင်ချီကိုမှီရင်း စာအုပ်ကို လိုက်ဖတ်နေသည်။ မျက်နှာကြီးကတော့ ရှုံ့မဲ့နေသည်။

" အဟမ်း အဟမ်း"
ကျန်ကျောက် ချောင်းဟန့်လိုက်တော့မှ စာထဲ ပျော်ဝင်နေကြသည့် နှစ်ယောက်သား သူ့ကိုမော့ကြည့်လာသည်။ ပိုင်ချီက မေးလိုက်သည်။
" အစ်ကို ပြန်လာပြီလား.... သိချင်တာ သိခဲ့ရပြီလား "

ကျန်ကျောက်က ပိုင်ချီလေးကို ကြည့်၍ ပြုံးပြသည်။
" အင်း အများကြီးပဲ.. ဒါနဲ့ ချီချီ အစ်ကိုတစ်ခုလောက် မေးမလို့"

" ဘာမေးမလို့လဲ"
ပိုင်ချီက ဖတ်လက်စ စာအုပ်ကို ချထားလိုက်သည်။

ကျန်ကျောက်က ခုံအသေးလေးတစ်လုံးဆွဲကာ ပိုင်ချီရှေ့ဝင်ထိုင်၍ မေးသည်။
"  မင်း အရင်တက်ခဲ့တဲ့ကျောင်းမှာ သရဲခြောက်တဲ့နေရာတို့ ဘာတို့မရှိဘူးလား "

ပိုင်ချီက ခဏရပ်ကာ စဥ်းစားနေသည်။ ပိုင်ယွိထန်လဲ သူ့ကို ကြည့်နေ၏။ ခဏကြာတော့ ပိုင်ချီက ခေါင်းညိတ်ပြသည်။

" နည်းနည်းတော့ ရှိတယ်"

" ​အစ်ကိုတို့ကို ပြောပြလေ   "
ကျန်ကျောက်က စိတ်ဝင်တစား မေးလိုက်သည်။

" အခု ပြောပြရမှာလား "
ပိုင်ချီက ခဏစဥ်းစားလိုက်ပြီး ပြန်ဖြေသည်။
"  ဟိုလေ.. ကျောင်းတော်တော်များများမှာ သရဲပုံပြင်တွေက နာမည်ကြီးတာပဲလေ....ခေါင်းပြတါကြီးနဲ့ ကြမ်းတိုက်နေတာတို့ ကျောချင်းကပ်ပြီး သရဲခြောက်တာတို့ ဘာတို့ပေါ့ "

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now