Zawgyi
အဆိုပါမေးခွန်းက အတော်လေး ထူးဆန်းလွန်း၏။ ဥပမာအားဖြင့် ထိုကဲ့သို့ ကျောင်းသားအရွယ်များ စိတ်ဝင်စားလေ့ရှိသည့် မေးခွန်းမျိုးမှာ Bai Yutang ကားကို ဘယ်နှလလောက် စုပြီး ဝယ်နိုင်မလဲ... Zhan Zhao တစ်လကို စာအုပ် ဘယ်နှအုပ်လောက် ရောင်းရမလဲ.. Gongsun အလောင်းခွဲတာ ဘယ်နှလောင်းလောက် ရှိနေပြီလဲ... Ma Han စနိုက်ပါ စကိုင်ထဲက လူ ဘယ်နှယောက်သတ်မိလဲ စသဖြင့်ပင်။
ထို့ကြောင့် သူတို့ S.C.I တစ်ဖွဲ့လုံး ကျောင်းအုပ်ကြီးကို ကြည့်လိုက်ကြသည်။ Zhan Zhao ကတော့ အစည်းအဝေးပွဲ ပြီးသည်နှင့် ကျောင်းအုပ်ကို တိုက်ရိုက်သာ ပြောလေသည်။
"ခင်ဗျားကျောင်းသားတွေရဲ့ အရည်အသွေးမှာ ပြဿနာရှိနေတယ်.."
ထို့နောက်တွင်တော့ လာရင်းကိစ္စဖြစ်သော စာမေးပွဲ စလေသည်။
ကျောင်းအုပ်က ဖြေရမည့်သူများကို ခေါ်လာသည်။ ထိုအခန်းတွင် ကျောင်းသားဆယ့်ငါးယောက် တာဝန်သုံးခု... ထို့ကြောင့် ငါးယောက်တစ်ဖွဲ့ ကာ တာဝန်တစ်ခုစီ ယူကြရ၏။ S.C.I အဖွဲ့၏ အလုပ်က သုံးဖွဲ့လုံးထဲမှ အတော်ဆုံးအဖွဲ့ကို ရွေးချယ်ပေးရန်ပင်ဖြစ်သည်။
Bai Yutang က ထိုတာဝန်သုံးခုကို အကြမ်းဖျင်းကြည့်လိုက်သည်။ ပထမတစ်ခုက ဘဏ်ဓားပြတိုက်သည့်နေရာတွင် ဓားစာခံကို ဘယ်လိုကယ်တင်ရမလဲဟူသော အကြောင်းအရာပင်...
ဒုတိယတစ်ခုကတော့ မီးလောင်ပြင်တစ်ခုမှ သဲလွန်စများသုံး၍ မီးရှို့သည့်တရားခံကို ရှာရန်...
နောက်ဆုံးတစ်ခုကတော့ ကျိုးပဲ့ပျက်စီးနေသော လူသေအလောင်းမှ တရားခံ ရှာနည်းပင်။
Bai Yutang က ထိုတာဝန်များကို ကြည့်လိုက်ရင်း ကျောင်းအုပ်ကို မေးလိုက်၏။
" ဓားပြမှုနဲ့ မီးရှို့မှုကတော့ ခင်ဗျားလဲ မှုခင်းနေရာ စီစဉ်လို့ ရနိုင်ပါတယ်... ဒါပေမဲ့ အလောင်းကိုကျတော့ရော... ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ..."" အော်... ကျွန်တော်တို့ဆီမှာလဲ အလောင်းခွဲစိတ်တဲ့ အခန်းရှိပါတယ်. ပြီးတော့ လာလှူထားတဲ့ အလောင်းတွေလဲရှိတယ်. ပြီးတော့လဲ...."
ကျောင်းအုပ်က ပြုံးပြုံးလေး ပြောနေသော်လဲ ကျန်သူများက ပျို့ချင်သွားသည်။ မှုခင်းဆရာဝန်ကို တခြားအမှုဖြစ်ပြီးသားအလောင်းတစ်ခုအား လိုချင်သည့်ပုံစံပြောင်းခိုင်းသည့် ထိုကျောင်းအုပ်ကို သူတို့ စက်ဆုပ်မိသွားကြ၏။
YOU ARE READING
Special Crime Investigation Journal Of Mystery Book 2 - Completed
Mystery / ThrillerOur S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story