KILLER VS KILLER 32 - ဝံပုလွေအား အမဲလိုက်ခြင်း

2.1K 375 29
                                    

Zawgyi


နောက်တစ်နေ့မနက်တွင် တစ်ဖွဲ့သားလုံး အကြိတ်အနယ် ပြင်ဆင်နေကြသည်။ ရေပိုင်းဆိုင်ရာကျွမ်းကျင်သောရဲအရာရှိများကလဲ လစ်ပါရီကျွန်းအနီးတွင် လက်နက်အပြည့်အစုံနှင့် အသင့်ရှိနေကြသည်။

" အချိန်က မနက်ဖြန်နေ့လည် သုံးနာရီ"
အိုးရန်ချန်းက ဆို၏။
" ဒေါက်တာကျန်ရဲ့ ပြောစကားအရဆို အချိန်အတိအကျကို WOLF သိမှဖြစ်မယ်"

" ကြောင်လေး... ငါတို့ အဲ့ဒီအချိန်အတိအကျကို လွတ်သွားရင်ရော ပြဿနာရှိနိုင်လား"
ပိုင်ယွိထန်က မေးလို​က်သည်။ တခြားသူများလဲ ထိုအကြောင်းကို စိတ်ပူနေကြ၏။

" ကိစ္စမရှိပါဘူး.."
ကျန်ကျောက်က ပြောသည်။
" WOLF ​က သံသယအရမ်းကြီးတာ.. ငါတို့အချိန်နောက်ကျတယ်လို့ သူထင်ပြီး သူ့ဘက်က အရင်စလှုပ်ရှားဖို့လိုတာ"

ပိုင်ယွိထန်က ခေါင်းညိတ်၏။ ထိုအချိန်တွက် ခါလူလာ၏ လူများက ပြေးလာကာ သူတို့အားလုံးကို ဖုန်းတစ်လုံးစီ လိုက်ဝေပေးသည်။

ပိုင်ယွိထန်က ဖုန်းယူလိုက်တော့ တစ်ဖက်တွင် ခါလူလာက ဖုန်းခေါ်နေ၍ ကိုင်လိုက်သည်။

" ခေါင်းဆောင် ပိုင်.. မနက်ဖြန် ဘယ်အချိန်လှုပ်ရှားရမှာလဲ"

" မနက်ဖြန်မနက် ခြောက်နာရီခွဲ"
ပိုင်ယွိထန်က ဖြေသည်။

" ဟမ်.."
ခါလူလာ့အသံက ကျေနပ်ပုံမရ။
" ဘယ်သူက ဒီလောက်အစောကြီး ထနိုင်မှာလဲ"

ပိုင်ယွိထန်စကားပြန်မပြောနိုင်သေးခင် ခါလူလာက သက်ပြင်းရှည်ကြီးတစ်ချက်ချသည်။
" တော်ပါပြီကွာ.. မင်းတို့တရုတ်စကားပုံလို စောစောထတဲ့ငှက်က အစာစောစော စားရတယ်ဆိုတော့လဲ ခြွင်းချက်အနေနဲ့ ခွင့်လွှတ်ပေးလိုက်ပါ့မယ်... ငါတို့ ကောင်းကောင်းပူးပေါင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်"
ထိုသို့ပြောကာ ဖုန်းချလိုက်၏။

ပိုင်ယွိထန်လဲ သူ့လူများကို နေရာချသည်။
"အိုးရန်ချန်က လူကယ်ဖို့ ညွှန်ကြားတဲ့ တာဝန်ယူ.. လူကယ်တဲ့အဖွဲ့မှာပါမဲ့သူတွေက လော့ထျန်.. ပိုင်ချီ.. ကျောက်ဝေ.. ဝမ်ချောင်.. ကျန်းလုံနဲ့ ကျန်းပင်တို့ပဲ"

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now