Zawgyi
Bai Yutang ကို စိုက်ကြည့်နေသော မျက်နှာတစ်ခုက ရေခဲကဲ့သို့ အေးစက်မာကျောနေ၏။ နှုတ်ခမ်းထောင့်စွန်းတို့က မသတီစရာ ကွေးတက်လာပြီးနောက် မနှစ်မြို့ရိပ်တို့က ထင်ရှားလာစည်။
" မင်းကိုလဲ အရမ်းကြီး ထိန်းချုပ်ဖို့ လွယ်မယ်လို့ ထင်မထားပါဘူး.. ဒါပေမဲ့ ပိုစိတ်ဝင်စားစရာကောင်းတယ်လေ မဟုတ်ဘူးလား..."
စက်ဆုပ်ဖွယ် လက်တို့က Bai Yutang လက်မောင်းကို ဖမ်းဆုပ်ထားကြသည်။Bai Yutang က လက်ထိပ်အခတ်ခံထားရသည့်တိုင် Benjamin လောက်ကို စာမဖွဲ့ပေ။ အသာလေးငုံ့ရှောင်ရင်း Benjamin ၏ မေးရိုးကို တံတောင်နှင့် ပစ်ကျွေးလိုက်၏။
Benjamin လဲ အလျင်အမြန် ရှောင်ရှာပါသည်။ သို့သော် Bai Yutang က လျင်မြန်လွန်းတာကြောင့် သူ့မေးရိုးကို ရှပ်ထိသွားသည်။ Benjamin က မျက်မှောင်ကြုံ့ကာ ကွဲထားသော နှုတ်ခမ်းထောင့်စွန်းမှ စိ့နေသော သွေးကို လျှာဖြင့်လျက်ကာ ထွေးထုတ်လိုက်သည်။
" မင်းက အကြင်နာတရား ခေါင်းပါးနေတုန်းပဲကိုး..."Bai Yutang က Benjamin ကို ရွံရှာစွာ ကြည့်သည်။ စူးရှပြတ်သားသည့်မျက်လုံးတို့က မျက်မှောင်ကြုံ့ထားပြီး ကပိုကရိုဆံပင်နှင့် အင်္ကျီလျော့ရဲရဲကြောင့် ပေါ်လာသော ညှပ်ရိုးတို့က Bai Yutang အလှကို ပို၍ပင် အားဖြည့်ပေးနေသည်။ Benjamin က အာခေါင်ခြောက်လာသဖြင့် နှုတ်ခမ်းကို လျှာဖြင့်သပ်သည်။ ကွဲနေသော နှုတ်ခမ်းက သွေးတို့ကို လျက်မိတော့ ဒေါသတကြီးဖြင့် ကုတ်အင်္ကျီကို ချွတ်၏။
Bai Yutang က ဘယ်ဘက်ကို ရွှေ့လိုက်သည်။ Benjamin ကို ကြည့်ရင်း တစ်ချက်တည်း အပြီးသတ်နိုင်မည့် နေရာမျိုးကို ရွေးနေသည်။
" ငါလဲ ကိုယ်ခံပညာလေ့ကျင့်ထားပါတယ်ကွာ.."
Benjamin က အသံနှိမ့်၍ ပြောလိုက်သည်။
" ဒါပေမဲ့ မင်းကို ကိုယ်ခံပညာနဲ့ အနိုင်ယူလောက်အောင် မမိုက်မဲသေးဘူး.."Bai Yutang က Benjamin ၏ မထီတရီ အပြုံးကြောင့် မျက်မှောင်ကြုံ့၏။ Benjamin မှာ ကုတင်ဘေးသို့ လျှောက်သွားကာ ကုတင်တိုင်ကို ဖွဖွလေး ပုတ်သည်။
" ဒီအိပ်ရာက မင်းကို အမိန့်နာခံစေမဲ့ တစ်ခုထဲသော အရာပဲလေ..."" မင်းကို ဖမ်းဖို့ အခါတစ်ရာမက တွေးဖူးတယ်... ဒါပေမဲ့ ဖမ်းပြီးရင် ဘာဖြစ်မလဲသိလား... မင်း ငါ့ကို ဘယ်လိုမှ လိုက်လျောမှာမဟုတ်ဘူးလေ..."
Benjamin က နာနာကျင်ကျင်ပြောသည်။
" ငါ မင်းကို ဆေးနဲ့ မသုံးချင်ဘူး.. အဲ့တော့ မင်းကို ငြိမ်သွားအောင် လုပ်ဖို့ တစ်နည်းပဲရှိတယ်လေ... မင်းရဲ့ ခွန်အားတွေကို လျော့ပါးသွားအောင်ပဲ လုပ်ရမှာပေါ့..."
YOU ARE READING
Special Crime Investigation Journal Of Mystery Book 2 - Completed
Mystery / ThrillerOur S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story