Zawgyiပူပြင်းလှသော နွေရာသီကြောင့် လူသတ်မှုများ နည်းပါးသွားသကဲ့သို့ S.C.I ရှိ ပညာရှင်များလဲ အေးဆေးနေနိုင်ချိန် ဖြစ်၏။
နောက်ဆုံးထုတ်ဝေခဲ့သော စာအုပ်မှာ ရောင်းအားအကောင်းဆုံးဖြစ်နေသောကြောင့် Zhan Zhao မှာ အလုပ်များနေသည်။ စာမူခဏခဏတောင်းနေသော အယ်ဒီတာများကြောင့် Zhan Zhao မှာ အပြင်ပင်မထွက်ရဲပဲ S.C.I ရုံးခန်းထဲတွင်သာ ပုန်းအောင်းနေရ၏။
Bai Yutang ကတော့ S.C.I ရုံးခန်း၏ နားနေခန်းထဲတွင် အားကစားပစ္စည်းများ ထည့်သွင်းသည်။ Bai Jintang က သူ့ညီအတွက် လိုအပ်မည့် ပစ္စည်းအားလုံး ဝယ်ပေး၏။ လုပ်စရာ မည်မည်ရရမရှိသော ကြွက်ဖြူမှာ ရှိသမျှ ခွန်အားများကို အားကစားလုပ်ခြင်းတွင်သာ အသုံးချနေရ၏။
သူ့အတွေ့အကြုံအရ ကြောင်လေးစိတ်တိုနေချိန် သွားမစသင့်ကြောင်း တိတိကျကျ သိထားလေရာ ထိပင်မထိရဲရှာပေ။ အကယ်၍ မှားထိမိပါက အကုတ်ခံရရုံတင်မက blacklist ထဲဝင်ကာ တစ်သက်လုံး ညစာငတ်နိုင်သည်အထိ နောက်ဆက်တွဲက ကြီးမားလွန်းသည်။
ထို့အပြင် ကြောင်လေးက ' မင်းလုပ်လို့ ငါ စာရေးတာ မပြီးဘူး' ဟုသာ သူ့အပေါ် အပြစ်အကုန်လွှဲချနိုင်သေးသည်။
Bai Chi ကတော့ Zhan Zhao ၏ အမာခံပရိသတ်တစ်ယောက် ဖြစ်နေရာ ဘယ်နေရာသွားသွား Zhan Zhao ၏ စာအုပ်ကို လက်ကမချနိုင်ပဲ ရှိ၏။ ထို့အပြင် Zhan Zhao နား ပူးကပ်ကာ စာရေးဖို့ ပူဆာသည်မှာ အယ်ဒီတာများပင် သြချရသည်အထိပင်။
Ma Han နှင့် Zhao Hu တို့၏ ဖုန်းများကတော့ တစ်နေကုန် ပိတ်ထားရ၏။ သို့မဟုတ်ပါက သူတို့၏ အနာဂတ်လက်တွဲဖော်ဟု တစ်ဖက်သတ် သတ်မှတ်ထားကြသော အဆိုတော်နှင့် သရုပ်ဆောင် ကောင်မလေးနှစ်ယောက်က အမြဲလိုလို ဖုန်းဆက်ကာ သူတို့၏ အေးချမ်းနေသော ဘဝလေးများအား ဖျက်လိုဖျက်ဆီး လုပ်တတ်ကြ၍ပင်။
Gongsun ကတော့ သူတို့အထဲတွင် အအေးချမ်းဆုံးဟု ဆိုရမည်။ လုပ်စရာမရှိသော်လဲ အလောင်းခွဲခန်းမှ တဖဝါးပင် မခွာပဲ သရဲကားများ တစ်ကားပြီးတစ်ကား ဖွင့်သည်။ အမြဲလိုလို တံခါးပိတ်ထားသော အလောင်းခွဲခန်းထဲမှ ကြောက်မက်ဖွယ် အော်ဟစ်ငိုယိုသံများနှင့် အေးစက်စက် ရယ်သံများမှာ အဆက်မပြတ် ထွက်ပေါ်နေသည်။ အလောင်းခွဲခန်းထဲမှ ကမ္ဘာပျက်မတတ် အသံကျယ်များ ထွက်နေသော်လဲ ဘယ်သူမှ အခန်းတံခါး သွားမခေါက်ရဲပေ။ ယင်ကောင်များသည်ပင် ထိုအခန်းရှေ့မှ လှည့်ပြန်ကြသည်အထိ အခန်းက အေးစက်လွန်းလှသည်။
YOU ARE READING
Special Crime Investigation Journal Of Mystery Book 2 - Completed
Mystery / ThrillerOur S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story