Zawgyi
"ဦးလေး An မှာ သားတစ်ယောက် ရှိတာလား"
Bai Yutang က Zhan Zhao ကို မေးလိုက်၏။" ဟုတ်တယ်"
Zhan Zhao က ခေါင်းညိတ်၏။
" စောစောက အဖိုးပြောလိုက်တဲ့ စကား မမှတ်မိဘူးလား"" အင်း"
Bai Yutang က ခေါင်းယမ်း၍ Zhan Zhao ကို လက်ကာပြကာ ဘေးနားရှိ ကျောက်တုံးတစ်တုံးပေါ် ထိုင်ချသည်။
" ကြောင်လေး... ငါ အစာခြေပါရစေဦး.."" မင်းကလဲ ဘာမှ မစားရသေးပဲနဲ့ ဘာကို အစာခြေမှာလဲ"
Zhan Zhao က အေးစက်စက် ဟာသတစ်ခုကို မျက်နှာတည်တည်နှင့် ပြောလေရာ Bai Yutang မှာ ရယ်ရမည့်အစား ကျောပင် ချမ်းလာ၏။" မင်း ပြောလိုက်တာက..."
Bai Yutang က ဆက်၍ မေးသည်။
" ဦးလေး An မှာ သားရော သမီးရော နှစ်ယောက်တောင် ရှိတာလား... ဒါတော့ မဟုတ်လောက်ဘူးထင်တယ်...အခုအချိန်အထိ သားရှိတာကို ဖုံးကွယ်ထားဖို့က မဖြစ်နိုင်လောက်ဘူး"Zhan Zhao က ထိုင်နေသော Bai Yutang ကို လှမ်းဆွဲ၏။
" ရဲစခန်းကို ပြန်ရအောင်ကွာ... စာအုပ်ကလပ်အဖွဲ့က လူတွေနဲ့လဲ တွေ့ရဦးမယ်... ငါ စုံစမ်းချင်တဲ့ ကိစ္စလေးတွေလဲ ကျန်သေးတယ်ကွ"Bai Yutang လဲ မတ်တပ်ထရပ်တော့ canolaပန်းခင်း ဝါဝါကို တွေ့လိုက်ရသည်။
" ကြောင်လေး ငါတို့ နွေဦးခရီးမထွက်ဖြစ်တာတောင် ကြာပြီနော်..."" လာပါကွာ.... ဒီတစ်ခေါက် အမှုပြီးရင် မင်းကို နေပူဆာလှုံဖို့ ခေါ်သွားပါ့မယ်...."
Zhan Zhao က Bai Yutang ၏ အင်္ကျီစကို ဆွဲကာ အရှေ့မှ လျှောက်သွား၏။" ကြောင်လေး... မင်း မြန်မြန် မလျှောက်နဲ့လေ... မင်းခြေထောက်က အခုမှ ပြန်ကောင်းလာတဲ့ဟာကို..."
" အာ့ဆို ချီ...."
" အင်း.... ကျောပိုးရမှာလား ပွေ့ရမှာလား"
" ကျောပဲပိုး..."
ထိုသို့ဖြင့် canola ပန်းများကြားထဲမှ လူသွားလမ်းပေါ်တွင် Bai Yutang က Zhan Zhao ကို ကျောပိုးလျက် တရွေ့ရွေ့သွားနေ၏။ ကျောပေါ်မှ Zhan Zhao ကတော့ သူ့ရှေ့မှ ကောင်လေး၏ မျက်နှာကို နေမထိုးစေရန် နေရောင်ကို လက်ဖဝါးနုနုဖြင့်ကာ၍ ချွေးများ စိမ့်ထွက်နေသော ထိုကောင်လေး၏ မျက်နှာကို ပဝါဖြင့် ချွေးသုတ်ပေးနေသည်။
YOU ARE READING
Special Crime Investigation Journal Of Mystery Book 2 - Completed
Mystery / ThrillerOur S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story