KILLER'S PASSWORD 8- The facts

1.6K 299 15
                                    

Unicode

နောက်နေ့မနက်ရောက်တော့ နှိုးစက်သံကြောင့် ပိုင်ယွိထန် နိုးလာပြီး တစ်ကိုယ်လုံးကိုက်ခဲနေသည်ကို ခံစားလိုက်ရ၏။

မနေ့ည တစ်ညလုံး ကြောင်လေးက သူ့အင်္ကျီကို ဆွဲဆုတ်ရင်း တစ်ကိုယ်လုံး ကိုင်လှုပ်ကာ ​အတင်းပြောခိုင်းသည်။

ကြွက်ဆိုသည့် သတ္တဝါကလဲ အတော်ခေါင်းမာသည့်အမျိုးဖြစ်လေရာ အသေသာခံသွားမည် မပြောရေးချမပြောပေ။ နောက်ဆုံးတော့ ခန္ဓာကိုယ်သေးသော ကြောင်လေးကပဲ အံတကြိတ်ကြိတ်နှင့် အိပ်ရာအရင်ဝင်သွားသည်။
"  ကြွက်သေကောင် သေအောင်ကိုကိုက်သတ်ပစ်မယ်"

သို့သော် လက်မောင်းတစ်ဖက် ထုံနေ၍ လှည့်ကြည့်ရာ ကြောင်လေးက သူ့လက်မောင်းကို ခေါင်းအုံး၍ စောင်ခြုံထဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။ အိပ်မောကျနေပုံက ချစ်ဖို့ကောင်းလွန်း၍ မေးဖျားလေးကိုဆွဲကာ နှုတ်ခမ်းလေးကို နမ်းလိုက်သေးသည်။

ကျန်ကျောက်က စောင်​ ဆွဲခြုံလိုက်ရင်း ပွစိပွစိပြောနေသည်။
"စိတ်ပျက်စရာ  "

ပိုင်ယွိထန်က မျက်ခုံးတစ်ချက်ပင့်ကာ ကျန်ကျောက်ညဝတ်အင်္ကျီကို ခါးစည်းဖြည်၍ ဗိုက်သားလေးကို ငုံ့နမ်းသည်။

" အာ..."
ကျန်ကျောက်လဲ အိပ်တဝက်နိုးတဝက်ဖြစ်နေရာမှ ကောင်းကောင်းကြီး နိုးလာလေသည်။

ကြွက်စုတ်က သူမနိုးမချင်း နမ်းနေတော့ ဒေါသတကြီး ​ကန်ကျောက်ရင်း အိပ်ရာထရတော့သည်။

ခဏကြာတော့ အိပ်ရာထဲတွင် အပူချိန် ၃၀၀ ဒီဂရီလောက် မြင့်သည့်တိုက်ပွဲကို ဆင်နွှဲနေကြသော ယောကျ်ားသားနှစ်ယောက်လုံး အိပ်ရာမှ ရိုရိုကျိုးကျိုးထ မျက်နှာသစ် ခြေလက်ဆေးကြော၍ အိမ်ထဲမှ ထွက်ခဲ့ကြလေသည်။ အောက်ထပ်ရောက်တော့ ပိုင်ယွိထန်က မုန့်ဆိုင်တွင် နို့လက်ဖက်ရည်နှင့် အသားညှပ်ပေါင်မုန့်နှစ်ခုဝယ်ကာ စိတ်ဆိုးနေသေးသော ကျန်ကျောက်ပါးစပ်ထဲ အတင်းထိုးထည့်၍ စခန်းကို ဦးတည်၍ ကားစက်နှိုးနေသည်။

" ဒီနေ့ သရဲခြောက်တဲ့ အဆောင်ကို တကယ်ကြီး ထပ်သွားမလို့လား  "
ကျန်ကျောက်က အသားညှပ်ပေါင်မုန့် တစ်ကိုက်ကိုက်ရင်း မေးလိုက်သည်။
"  အဲ့ဒီ့အရူးဦးလေးကြီးက တကယ်သံသယဝင်စရာကောင်းတယ်လို့ ထင်လား"

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now