Unicode
ပိုင်ယွိထန် ကျန်ကျောက် ပိုင်ချီနှင့် လော့ထျန်တို့က ကျန်းပင်ပို့လိုက်သော လိပ်စာအတိုင်း လျို့ဖန်ကို သွားရှာကြသည်။ ဓာတ်ပုံဆိုင်ရောက်တော့ ဝန်ထမ်းအမျိုးသမီးကို မေးလိုက်၏။
" လျို့ဖန် ဒီမှာရှိလားဗျ"
" ဒီနေ့က သူ့ရဲ့နားရက်ပါ"
" သူ့ အိမ်လိပ်စာ ရနိုင်မလားဗျ"
ပိုင်ယွိထန်က မေးလိုက်သည်။" အမ် ဟုတ်ကဲ့"
ဝန်ထမ်းအမျိုးသမီးက လိပ်စာပေးလိုက်တော့ သူတို့အားလုံး ထိုအိမ်သို့ ပြေးကြရသည်။လုဖန်မိသားစုမှာ မြို့လယ်ရှိ တိုက်ခန်းတစ်ခုတွင် နေကြခြင်းဖြစ်သည်။ သူတို့လေးယောက်သား ကားပေါ်က ဆင်းဆင်းချင်း အပေါ်ပြေးတက်ကြသည်။ ၁၁ထပ်တွင် ရှိ၍ အိမ်နံပါတ်က ၁၁၀၂ဖြစ်ရာ ပိုင်ယွိထန်က တံခါးရှေ့မှ ခေါင်းလောင်းကို နှိပ်လိုက်သည်။ သို့သော် ခေါင်းလောင်းသံက ဆယ်ခါလောက် မြည်ပြီးသည့်တိုင်အောင် တံခါးလာဖွင့်သူတစ်ယောက်မှ မရှိ။
ပိုင်ယွိထန်နှင့် ကျန်ကျောက်လဲ တစ်ယောက်ကိုတစ်ယောက်ကြည့်သည်။
" အထဲမှာ မီးသွေးမီးလောင်နေတဲ့အနံ့ရတယ်"
သူတို့အားလုံး တံခါးကို စိုက်ကြည့်နေကြသည်။
" ကျွန်တော် သော့သွားယူခဲ့မယ်"
လော့ထျန်က လှေကားပေါ်မှ ပြေးဆင်း၍ ပိုင်ယွိထန်နှင့် ကျန်ကျောက်တို့က တံခါးကိုအပြင်းအထန် ထုကြသည်။" အရမ်းကြာနေပြီ"
ကျန်ကျောက်က ပြောတော့ ပိုင်ယွိထန်လဲ သော့ပေါက်နေရာကို သေနတ်နှင့်ချိန်ထားလိုက်သည်။ ပစ်ခါနီးဆဲဆဲလေးတွင် တံခါးပွင့်လာပြီး လူတစ်ယောက်က ပျင်းရိလေးတွဲ့စွာ ထွက်လာ၏။
" ဘယ်သူလဲ"သူတို့အားလုံးကြောင်သွားကြ၏။ တံခါးလာဖွင့်သူမှာ အသက်သုံးဆယ်ကျော် လူငယ်တစ်ယောက်ဖြစ်ပြီး ထို့ထက်လဲ အသက်ကြီးနိုင်ပေမဲ့ ဆံပင်ရွှေအိုရောင်ဆိုးကာ ရှပ်အင်္ကျီအနက်အပါးနှင့် စတိုင်ကျသော ဘောင်းဘီကြောင့် အတော်လေးငယ်ပုံရသည်။
ထိုသူမှာ မျက်လုံးကို ပွတ်သပ်ရင်း ပိုင်ယွိထန်နှင့် ကျန်ကျောက်ကို ကြည့်နေသည်။ ကျန်ကျောက်လက်က တံခါးခေါက်မည့်ဟန်အတိုင်းရှိနေဆဲဖြစ်ပြီး ပိုင်ယွိထန်ကလဲ သေနတ်ကို ချိန်ထားဆဲဖြစ်၏။
YOU ARE READING
Special Crime Investigation Journal Of Mystery Book 2 - Completed
Mystery / ThrillerOur S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story