Love Murder 14- အုတ်ဂူ

770 115 4
                                    

Unicode

" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ကျန်ကျောက်က ဓာတ်ပုံကို လှမ်းယူကာ အတော်ကြာအောင် စိုက်ကြည့်နေသည်။ ပိုင်ယွိထန်နှင့် လော့ထျန်တို့လဲ ကြောင်အနေကြ၏။ တကယ်လဲ ဓာတ်ပုံထဲကမိန်းကလေးက ကျန်းရင်းနှင့်အတော်တူသည်။ မျက်နှာကျပုံ အကုန်လုံး အထူးသဖြင့် အရှိန်အဝါကအစ တူသည်။

ထို့အပြင် ကျန်းရင်းက သေနတ်အချက်ပေါင်းများစွာ မှန်ပြီးတာတောင်မှ နာကျင်မှုမရှိပဲ လွတ်လပ်စွာ လှုပ်ရှားနေနိုင်ဆဲဖြစ်သည်။ လွန်ခဲ့သော အနှစ်သုံးဆယ်ဓာတ်ပုံထဲက ကျန်းမြောင်မြောင်နှင့် သူတို့တွေ့ခဲ့ရသော ကျန်းရင်းမှာ နည်းနည်းလေးပင် မပြောင်းလဲ။ ပြောင်းလဲသည်က သူမမျက်နှာပေါ်မှ အပြုံးရေးရေးသာဖြစ်သည်။ အရင်ကတော့ လှပသော အပြုံးဖြစ်ပေမဲ့ လက်ရှိတွင် နည်းနည်းထူးဆန်းနေသည်။

" ဘာဖြစ်လို့လဲ"
ရွှီကျုံးနှင့် ရွှီပေါင်တို့က သူတို့ကို ထူးထူးဆန်းဆန်း ပြန်ကြည့်နေ၏။

" ဟို.. ကျန်းမြောင်မြောင်နဲ့ ရွှီထျန်းတို့မှာ သမီးရှိလားဗျ"
ကျန်ကျောက်က ပြန်မေးလိုက်သည်။

သူတို့ညီအစ်ကိုနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် အဖွားအိုကိုကြည့်သည်။ အဖွားကြီးကတော့ မျက်လုံးပြူးကာ သူတို့ဆီလျှောက်လာရင်း ပြန်ဖြေ၏။

"ရဲအရာရှိကြီးတို့ရယ်.. အမေလဲ မသိပါဘူး.. အားထျန်းကတော့ သူ့မှာ သားသမီးမရှိဘူးလို့ ပြောတာပါပဲ.. တကယ်လို့သာ သူ့မှာ သမီးရှိရင် အမေ့ကို ခေါ်လာပြမှာပေါ့..  မဟုတ်ရင် အမေလဲ အေးအေးချမ်းချမ်း သေနိုင်မှာမဟုတ်ဘူး"

ကျန်ကျောက်နှင့် ပိုင်ယွိထန်တို့အချင်းချင်း ကြည့်လိုက်ကြသည်။ ထို့နောက် နှစ်ယောက်သား ခေါင်းညိတ်ကာ စကားစမြည်ပြောသည့်ပုံစံနှင့် အဆုံးသတ်လိုက်၏။

ထို့နောက် သူတို့က ကျန်းမြောင်မြောင်အကြောင်း မေးကြသည်။ သို့သော် အချိန်ကြာမြင့်နေသည့်အကြောင်းဖြစ်၍ ကျေနပ်လောက်စရာ သဲလွန်စမရ။ ရွှီထျန်းအမေအိမ်မှ ထွက်လာပြီးနောက်တွင်တော့ သူတို့နှစ်ဖွဲ့ခွဲလိုက်ကြသည်။ မာဟန်နှင့် လော့ထျန်တို့က ရွှီကျုံးနှင့်အတူ သိုးမွှေးစက်ရုံသို့ လိုက်သွား၏။ သိုးမွှေးစက်ရုံမှာ အခုချိန်ထိ ဖွင့်သေးဆဲဖြစ်ကာ တချို့အလုပ်သမားများကလဲ ကျန်းမြောင်မြောင်နှင့် အလုပ်လုပ်ဖူးသူများ ရှိသေး၏။ ပိုင်ယွိထန်နှင့် ကျန်ကျောက်တို့ကတော့ ရွှီပေါင်နှင့်အတူ အုတ်ဖုတ်စက်ရုံသို့ သွားကြ၏။ သို့သော် အုတ်ဖုတ်စက်ရုံက အခုတော့ ဘိလပ်မြေစက်ရုံအဖြစ် ပြောင်းသွားပြီဖြစ်ကာ သူတို့အဓိက လာရသည့်အကြောင်းရင်းက ကျန်းမြောင်မြောင် အကိုက်ခံရသည့်နေရာကို လာကြည့်ခြင်းသာဖြစ်၏။

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now