Innocent Murder 10- ရည်ရွယ်ချက်

3.7K 626 29
                                    

Zawgyi

"Pang Qing ကို ပြန်ခေါ်သွား"
Bai Yutang က အနားရှိ အရာရှိတစ်ယောက်ကို အမိန့်ပေးလိုက်သည်။
" သူ့ကို ၄၈နာရီ ချုပ်ထား.... ရဲလုပ်ငန်း ဝတ္တရားနှောင့်ယှက်မှုနဲ့... လုံးဝ မလွတ်သွားစေနဲ့..."

" ဟုတ်ကဲ့..."
ရဲအရာရှိလေးက အမြန် ပြေးသွားသည်။

Bai Yutang က အလောင်းကို လှည့်ကြည့်လိုက်သည်။
" အလောင်း နှစ်လောင်းဆိုတော့ သေတဲ့သူ နှစ်ယောက်ပဲ.."

" ဟုတ်တယ်...ငါတို့အခု လုပ်ရမှာက ဒီအလောင်း ကိုယ်ထည်ရဲ့ အကြောင်းရယ်... Pang Xiaoqin ရဲ့ အလောင်း ဘယ်ရောက်သွားလဲ ဆိုတာကိုပဲ.."
Zhan Zhao က ခေါင်းယမ်းကာ ပြောလိုက်သည်။
" ဘယ်သူကများ သူတို့ရဲ့ ဓားစာခံ ဖြစ်သွားရတာလဲ... ဘယ်သူက ဘယ်လိုရည်ရွယ်ချက်နဲ့များ..."

Zhao Wei က အနည်းငယ် စိတ်ရှုပ်ထွေးစွာဖြင့် Bai Chi ၏ ပခုံးပေါ် ခေါင်းမှီထားသည်။ Zhan Zhao နှင့် Bai Yutang တို့က Zhao Wei အား အိမ်ပြန်ခေါ်သွားရန် Bai Chi ကို ခွင့်ပေးလိုက်၏။

" ကိတ်ယူပြီး ဝင်လာတာ ဘယ်သူလဲ..."
Bai Yutang က သူ့နားက ရဲတစ်ယောက်ကို မေးလိုက်သည်။
" သူ့ကို လာခိုင်းလိုက်"

" ဟုတ်ကဲ့.."
ရဲသားလေးက ထွက်သွားပြီး ဆယ့်ငါးမိနစ်လောက်ကြာတော့ ပြန်ပြေးလာသည်။
" Bai Sir.. ကိတ်မုန့်ပို့တဲ့သူကို တွေ့ပါပြီ... ဒါပေမဲ့ သူက နည်းနည်းထူးဆန်းနေတယ်..."

" ထူးဆန်းတယ်..."
Bai Yutang နှင့် Zhan Zhao တို့က တစ်ယောက်ကို တစ်ယောက် ကြည့်ကာ မေးလိုက်သည်
" သူက ဘာတွေ ထူးဆန်းတာလဲ"

" ပွဲစီစဉ်သူက ကိတ်မုန့်ပို့တဲ့သူက Chen Li လို့ ပြောပါတယ် အကုန်လုံးကလဲ Chen Li လာပို့တယ်လို့ပဲ ပြောတာ.. ဒါပေမဲ့ သူက သူမပို့ခဲ့ဘူးလို့ ငြင်းတယ် Bai Sir..."

" နောက်တစ်ခု လာပြန်ပြီ..."
Bai Yutang က မယုံနိုင်စွာ ရယ်ရင်း ရဲသားလေးကို မေးလိုက်သည်။
" သူ့ကို ခေါ်လာခဲ့လား"

" ဟုတ် ခေါ်လာခဲ့ပါတယ်.."
ရဲသားလေးက Chen Li ကို အထဲဝင်လာဖို့ ခေါ်လိုက်သည်။

Zhan Zhao တွင် တစ်ခါမြင်ဖူးပြီး ဘယ်တော့မှ မမေ့နိုင်သော မှတ်ဥာဏ်ရှိ၏။ ထို့ကြောင့် သူ့ရှေ့မှ လူမှာ ကိတ်မုန့်လာပို့ခဲ့သူ ဖြစ်ကြောင်း ချက်ချင်း ပြောနိုင်သည်။

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now