Innocent murder 14- အကွက်ချခြင်း

3.3K 615 26
                                    

Zawgyi

" ဖုန်းခေါ်တဲ့သူက ဒီအဆောက်အဦးထဲမှာ ရှိနေတာ..."
Jiang Ping ၏ စကားလုံးများက မီးညှိထားသော ဒုံးကျည်ကဲ့သို့...  သူတို့အားလုံး၏ စိတ်ထဲတွင် ရုတ်တရက် ပေါက်ကွဲသွားလေ၏။ S.C.I တစ်ဖွဲ့လုံး ရုတ်တရက် ထရပ်ကာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေကြသည်။

" အဲ့ဒါ.... သူလျှိုလား"
Bai Chi ၏ သူ့ကိုယ်သူ ပြန်ပြောလိုက်သော စကားက သူတို့အားလုံးကို အသိစိတ် ပြန်ဝင်စေသည်။ Bai Yutang က ချက်ချင်း အမိန့်ပေးလိုက်သည်။
"Jiang Ping... ရဲစခန်းက CCTV အကုန်လုံးကို စစ်ကွာ... အထူးသဖြင့် လူနည်းနည်းပဲ ရှိတဲ့နေရာက CCTV တွေကို သေချာစစ်... လူသတ်သမားက လူအများကြီးရှ်တဲ့နေရာမှာ အသံပြောင်းတဲ့စက်နဲ့ စကားပြောဖို့ မဖြစ်နိုင်ဘူး..."

" ဟုတ်"
Jiang Ping က သူ့ကွန်ပျူတာနှင့် အဆောင်အအုံ တစ်ခုလုံးရှိ CCTV များကို ချိတ်ဆက်လိုက်သည်။

" အကုန်လုံး အပြင်ထွက်... အဖွဲ့လိုက် လှုပ်ရှားပြီးတော့ သံသယရှိနိုင်တဲ့သူတွေကို တစ်ယောက်မှ အလွတ်မပေးနဲ့.."
Bai Yutang က အမိန့်ပေးလိုက်သည်။

သူတို့အားလုံး သွက်လက်စွာဖြင့် အမိန့်ကို လိုက်နာကြသည်။ ထိုအချိန်တွင် Zhan Zhao က ရုတ်တရက် အော်လိုက်သည်။
"Luo Tian ရယ် မင်းရယ် Bai Chi ရယ်က ရုံးခန်းက်ု စောင့်ဖို့ နေခဲ့ကြ.."

သူတို့အားလုံး Zhan Zhao ကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

" ကြောင်လေး... လူသတ်သမားက တမင်တကာ ငါတို့ကို ဒီနေရာက ထွက်သွားစေချင်တာလို့ မင်းထင်ပြီး စိုးရိမ်နေတာလား"
Bai Yutang က မေးလိုက်သည်။

" ငါ... ငါ မသေချာဘူး..."
Zhan Zhao က ခေါင်းယမ်းသည်။
" ငါ ဒီအတိုင်းပဲ စိတ်မအေးလို့..."
ထိုသို့ပြော၍ Zhan Zhao က ဖုန်းဖွင့်ကာ အသံသွင်းထားသည်ကို ပြန်ဖွင့်၍ နားထောင်နေ၏။ S.C.I. တစ်ဖွဲ့လုံး ထွက်သွားကြသည်။

Zhan Zhao က အသံသွင်းထားသည်ကို ဖွင့်၍ နားထောင်နေရင်း အနည်းငယ် မျက်မှောင်ကြုံ့လာ၏။ ရုတ်တရုက် လူတစ်ယောက်က အထဲ ပြေးဝင်လာကာ ပြောလိုက်သည်။
"Bai Sir... S.C.I. အတွက် သက်သေအထောက်အထားတဲ့..."

" သက်သေ..."
Bai Yutang က အံ့အားသင့်စွာ မျက်မှောင်ကြုံ့သည်။
" ဘာ သက်သေလဲ..."

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now