Love Murder 12- Xu Tian

944 149 6
                                    

Unicode

ရဲစခန်းကို ပြန်ရောက်တော့ ကျန်ကျောက်နှင့် တခြားသူများက တစ်ညလုံးမအိပ်ရသေးသည့်အတွက် အရမ်းအိပ်ချင်နေသည်။ ကျန်ကျောက်နှင့် ပိုင်ချီတို့က ဆိုဖာပေါ် လှဲလိုက်သည်နှင့် ချက်ချင်းအိပ်ပျော်သွားသည်။

မာရှင်းနှင့် တချို့တွေကတော့ မနက်စောစောက လှမ်းအခေါ်ခံရသဖြင့် အိပ်ချင်စိတ်မရှိ။ ကုန်းစွန်း၏ ဖြူဖပ်ဖြူရော်မျက်နှာကိုကြည့်ရင်း နည်းနည်းတော့ စိုးရိမ်နေကြသည်။ သို့သော် ကုန်းစွန်းက ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးရသည်ကိုသာ ကျေနပ်၍ တချို့သူများ အလုပ်လုပ်ပါက ဟိုနေရာကျန် သည်နေရာကျန်ဖြစ်သည်ကို သဘောမကျသဖြင့် ကုန်းစွန်းကသာ အကုန်နီးပါးလုပ်တတ်သည်ကို သူတို့အားလုံးသေချာသိသည်။

ပိုင်ကျင်းထန်ကလဲ သူတို့နောက် လိုက်လာသည်။ ကုန်းစွန်းက ဘာတစ်ခုမှ မစားမသောက်သလို အိပ်လဲမအိပ်သည်ကို တွေ့၏။ သို့သော် အချိုလဲမကြိုက် အသားလဲ သိပ်မစားသလို ဒေါသလဲ နည်းနည်းကြီးသော ကုန်းစွန်းကြောင့် ပိုင်ကျင်းထန် ခေါင်းကျိန်းနေသည်။

ဘယ်လိုပဲဖြစ်ဖြစ် SCI အဖွဲ့ဝင်များအားလုံး အလုပ်ဝင်နေကြသည့်အတွက် အမြွှာညီအစ်ကိုနှစ်ယောက်က သူတို့အတွက် မနက်စာဝယ်ပေးသည်။ ပိုင်ကျင်းထန်က ကုန်းစွန်းကို ချော့မော့၍ ချောကလက်ကိတ်နှင့် နွားနို့ခွက်ကြီးတစ်ခွက် ပါးစပ်ထဲ အတင်းထိုးထည့်ပြီးတော့မှ အလောင်းစစ်ဆေးရန် ပြန်လွှတ်ရသည်။

တစ်ဖက်တွင် ပိုင်ယွိထန်က သူ့စားပွဲတွင်ထိုင်ကာသွေးစုပ်ဖုတ်ကောင်များအကြောင်း ဖတ်နေသည်။ သူတို့အားလုံးက ထိုစဉ်က သေဆုံးသွားသူများအကြောင်း ပြန်စုံစမ်းနေသလို လွန်ခဲ့သည့်နှစ်ရက်က သေဆုံးသွားသည့်အမှုကိုလဲ လိုက်နေရသည်။

လော့ထျန်က ဒဏ်ရာရသွားသည့် ကျောင်းသားလေး၏ အခြေအနေကို ပိုင်ယွိထန်ထံသို့ တင်ပြနေသည်။ ကျောင်းသားလေး၏ အသံအိုးက ပျက်စီးသွားသဖြင့် စကားပြော၍ မရနိုင်သေးသလို မေးခွန်းမေးတော့လဲ ဘယ်လိုမှ ပြန်မဖြေနိုင်ပဲ ကြောင်အနေသဖြင့် ဘာမှဆက်မေးလို့မရတော့ဟုဆိုသည်။ လူသတ်သမားကိုလဲ သူ မမြင်လိုက်ရဟု​ ​ဖြေခဲ့၏။

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now