Zawgyi
Zhang Long နှင့် Wang Chao တို့က ဂျူတီကုတ်အဖြူနှင့် ကောင်လေးအား S.C.I သို့ ဆွဲခေါ်လာကာ Zhan Zhao နှင့် Bai Yutang အား ဖြစ်ပျက်သမျှ ပြောပြသည်။
Bai Yutang က ခေါင်းညိတ်၍ စစ်ဆေးခန်းထဲသို့ မေးငေါ့ကာ ခေါ်သွားခိုင်း၏။ ထို့နောက် Bai Chi နှင့် Luo Tian အား အသတ်ခံရသော ရဲသားလေးအကြောင်းကို စုံစမ်းခိုင်းသည်။ ကျန်သူများက Jiang Ping နှင့် အတူ CCTV မှတ်တမ်းများကို စစ်ဆေးကြ၏။ Gongsun ကိုတော့ အိမ်ပြန်အနားယူခိုင်းလိုက်သည်။ ထို့နောက် Bai Yutang က Zhan Zhao နှင့်အတူ စစ်ဆေးခန်းထဲ ဝင်လာ၏။
" မင်းနာမည်က..."
မှုခင်းဆေးဌာနမှ ကောင်လေး လက်ချောင်းများ တဆတ်ဆတ် တုန်သည်အထိ ကြောက်လန့်နေသည်ကိုတွေ့တော့ Bia Yutang က Zhan Zhao ကို ကြည့်လိုက်သည်... ကြောင်လေး သူက အရမ်း နူးညံ့နေတယ်...Zhan Zhao က ခေါင်းညိတ်သည်။... မင်း သူ့ကို နဲနဲ ခြောက်လို့ရတယ်... စကားနဲနဲပဲ ပြောရုံနဲ့ သူ ဝန်ခံလာမှာ..
Bai Yutang သဘောပေါက်သွား၏။ ထိုင်ခုံတစ်လုံးဆွဲကာ ထိုကလေး၏ ရှေ့တည့်တည့်တွင် ထိုင်၍ အေးစက်စက်အသံဖြင့် မေးလိုက်သည်။
"Zhang... Yankai ပါ..."
ထိုကလေးက ရိုးသားစွာ ဖြေ၏။"Zhang Yankai?.."
Bai Yutang က ခေါင်းညိတ်သည်။
" မှုခင်းဆေးဌာနကို ရောက်တာ ဘယ်လောက်ကြာပြီလဲ.."" ကျ...ကျွန်တော် အခုမှ အလုပ်သင်ပါ..."
Zhang Yankai က တုန်ခါနေသော အသံဖြင့် ပြန်ဖြေ၏။
"Bai...Bai Sir... ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး... ကျွန်တော် အဲ့လိုဖြစ်ဖို့ မရည်ရွယ်ပါဘူး..."Bai Yutang က မဲ့ပြုံးတစ်ချက်ပြုံး၏။
" မရည်ရွယ်ဘူး... S.C.I ကို ဗုံးပို့တာရယ်... အခုခေါင်မိုးပေါ်မှာ သေနေတဲ့ ရဲ... ဒါက မရည်ရွယ်တာလား..."" မဟုတ်.... ဒီလိုတွေ ဖြစ်မယ်ဆိုတာ ကျွန်တော် သိတောင် မသိပါဘူး..."
Zhang Yankai က မျက်နှာရဲကာ ပြန်လည်ချေပ၏။" စိတ်အေးအေးထားပါ..."
Zhan Zhao က ဝင်ပြော၏။
" စိတ်လှုပ်ရှားလို့လဲ ဘာမှ အသုံးမဝင်ဘူး.... ငါတို့ကို အကြောင်းစုံ ပြောပြ... ဗုံးကို ဘယ်သူပို့တာလဲ မင်းသိလား"" သူ...သူ ပို့တာလားဆိုတာတော့ ကျွန်တော် သေချာမသိဘူး..."
Zhang Yankai က အနည်းငယ်တည်ငြိမ်လာကာ အသံကို နှိမ့်၍ ဖြေသည်။
" ဒါ...ဒါပေမဲ့ သူ ကျွန်တော့် ဂျူတီကုတ်ကို ငှားပြီးတော့ မှုခင်းဆေးဌာနက လူအဖြစ် ဟန်ဆောင်တာ..."
YOU ARE READING
Special Crime Investigation Journal Of Mystery Book 2 - Completed
Mystery / ThrillerOur S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story