Zawgyi
Bai Chi က မိုးမရွာခင် အိမ်သို့ အပြေးပြန်လာခဲ့သည်။ တံခါးဖွင့်လိုက်သည်နှင့် ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် ဗိုက်ဟောင်းလောင်နှင့် ဆာလောင်စွာ စောင့်ဆိုင်းနေကြသော Zhao Wei နှင့် Lison တို့ကို တွေ့လိုက်ရ၏။
" ချီချီလေး.."
Zhao Wei က ထခုန်၍ Bai Chi ကို ဖက်သည်။
" ကိုယ် ဗိုက်အရမ်းဆာနေပြီ"Lisbon ကလဲ မုန့်နံ့ရ၍ ကြောင်တစ်ကောင်ကဲ့သို့ Bai Chi ၏ ခြေကို ပွတ်နေသည်။
Bai Chi က သက်ပြင်းတစ်ချက်ချ၍ Lisbon အတွက်ဝယ်လာသော မုန့်ကို အရင်ဆုံး ပန်းကန်ထဲထည့်၍ ချကျွေးလိုက်သည်။ Lisbon တစ်ယောက် အငမ်းမရစားနေသည်ကို တွေ့၍ သက်ပြင်းနောက်တစ်ကြိမ်ချကာ Lisbon ၏ ခေါင်းလေးကို ပွတ်ပေးလိုက်သည်။
" နောက်တစ်ခါ ဗိုက်ဆာရင်လေ... ဘာမှ မကျွေးတတ်တဲ့ Zhao Wei ကို စား သိလား"" မင်းက အရမ်း ရက်စက်တာပဲ...".
Zhao Wei က Bai Chi ယူလာသော ထမင်းဗူးကို ဖွင့်၍ အထဲမှ ဖက်ထုပ်ကြော်တစ်ခုကို တူနှင့် ညှပ်ကာ ဝါးလိုက်သည်။
" ချီချီလေး... ကိုယ်လေ အစားကောင်းကောင်း မစားရတာ တော်တော် ကြာနေပြီ သိလား... ဆိုင်ကချည်းပဲ ဝယ်မလာပဲနဲ့ တစ်ခါလောက် အိမ်မှာ ချက်ကျွေးပါလားဟင်...."" မရဘူး..."
Bai Chi က ဖန်ခွက်ထဲ ရေငှဲ့ပေး၍ ထိုင်ချလိုက်သည်။
" အခုတလော အမှုကြီးတစ်ခု ဖြစ်နေလို့.."" နောက်ထပ် အမှုကြီးလား"
Zhao Wei က ပါးစပ်ထဲ ဖက်ထုပ် အပြည့်ထည့်ကာ ဖြည်းဖြည်းချင်း ဝါးသည်။
" ဒီမြို့ကြီးကလဲ မကောင်းတဲ့သူတွေနဲ့ ပြည့်နေတာပဲ... ဒီတစ်ခါ အမှုကရော ဘာတဲ့လဲ"" ဒီတစ်ခေါက်အမှုက တဏှာရူးတစ်ယောက် ဖြစ်ဖို့များတယ်..."
Bai Chi က စားပွဲပေါ် လက်တင်၍ Zhao Wei စားနေသည်ကို စောင်း၍ ကြည့်သည်။ စိတ်ထဲတွင်တော့ ချောမောလှသော ကောင်လေးက အစားစားနေတာတောင် ကျက်သရေရှိလှသည်ကို တွေးနေ၏။ တွေးပြီးနောက် Bai Chi က ရုတ်တရက် မေးလိုက်သည်။
" ဒါနဲ့ မင်းအခုတလော မျက်လှည့်ပွဲတွေ မသွားရတော့ဘူးလား"" သွားရမှာ... "
Zhao Wei က ဖက်ထုပ်ကြော် တစ်ခုကို Bai Chi ပါးစပ်ထဲ ခွံ့သည်။
" နောက်နှစ်ရက်နေရင် ပွဲတစ်ခု ရှိတယ်"
YOU ARE READING
Special Crime Investigation Journal Of Mystery Book 2 - Completed
Mystery / ThrillerOur S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story