အပိုင်း (၇၈)
အမှန်တရားမှာ သူသည် သူ၏အမေဖြစ်သူနှင့် အချိန်များစွာ အတူကုန်ဆုံးခဲ့ခြင်းမျိုး မရှိခဲ့ပေ။
သူသည် နောက်ပိုင်းတွင် နိုင်ငံခြားသို့ ပညာတော်သင် ထွက်သွားခဲ့၍ ပိတ်ရက်များတွင်သာ အိမ်သို့ ပြန်လာခဲ့လေသည်။
သူသည် အိမ်သို့ ပြန်လာသည့်အခါများတွင်လည်း အမေဖြစ်သူနှင့်အတူ အချိန်ကုန်ဆုံးခြင်းမျိုး မရှိပေ။
နောက်ပိုင်းတွင် သူ၏အမေသည် စောစီးစွာ ထွက်ခွာသွားခဲ့လေသည်။
ထို့ကြောင့် သူတို့နှစ်ဦးကြားမှ ဆက်ဆံရေးသည် သူစိမ်းများထက်ပင် စိမ်းကားနေတော့သည်။
သူသည် သူမ၏အကြောင်းများကို ချန်ရွှယ်မင်ထံမှသာ သိရလေသည်။
သို့သော် သူသည် ပြန်လာပြီးနောက်ပိုင်းတွင်ပင် ထူးဆန်းသည်ဟု ခံစားနေရသေးသည်။
ဥပမာပြောရမည်ဆိုလျှင် သူ၏အမေသည် အမြဲတမ်း စိတ်ရှုပ်ထွေးနေသော အမူအယာမျိုးဖြစ်နေကာ သူ့ကိုလည်း တုံ့ဆိုင်းစွာ ကြည့်နေတတ်လေသည်။
သူမသည် သူ့အပေါ်တွင် အမြဲတမ်း နူးညံ့ကြင်နာစွာ ဆက်ဆံနေသော်လည်း သူမထံမှ ဖြေရှင်းမပြနိုင်လောက်သော စိမ်းကားနေသော အငွေ့အသက်များကို ရရှိခံစားနေရလေသည်။
"ကျားရှု... သား အနာဂတ်မှာ ဘာတွေလုပ်ဖို့ စီစဉ်ထားလဲ..." သူမသည် မူလပိုင်ရှင် မဟုတ်ကြောင်းကို မည်ကဲ့သို့ ဖြေရှင်းရမည်ကို မသိလေသော အန်းရှသည် နောက်တစ်ကြိမ် လက်လျှော့လိုက်ရလေသည်။
"အစီအစဉ်လား... အမေ သားကို စောင့်ရှောက်ပေးစေချင်လား..." မော့ကျားရှု၏ မျက်ဝန်းများသည် ဝင်းလက်သွားပြီး ထို့နောက်တွင် တစ်ဖန် နက်ရှိုင်းသွားပြန်လေသည်။
သူ၏အမေသည် သူ့အပေါ်တွင် ပြုစုစောင့်ရှောက်ပေး၍ ချစ်ခင်မြတ်နိုးနေသေးသည်။ သို့သော်...
"အမေ... သား အဖေနဲ့ အတူဆက်နေမယ်..."
သူသည် ပြန်လည်မွေးဖွားလာကာ သူ့အမေကို တစ်ဖန် မြင်တွေ့လိုက်ရချိန်တွင် အမေနှင့် အတူရှိချင်ပြီး သူမကိုလည်း စောင့်ရှောက်ပေးချင်လေသည်။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်