30 01
အခန်း ၃၀
ထို အထုတ်အပိုးများကြားတွင် သူ့မိဘများ၊ သူ့အစ်မကြီးနှင့် ညီမလေးတို့သည် စကားပြောနေကြလေသည်။
ထိုအခြေအနေမှာ သူမျှော်မှန်ထားသည်နှင့် လွန်စွာ ခြားနားနေလေသည်။
"မောင်လေး...နင် ပြန်လာပြီလား။ ငါတို့ အပြင်မှာ ညစာအတူသွားစားကြမလို့ နင့်ကို စောင့်နေကြတာ"။ အန်းရုံသည် အန်းသုံပြန်ရောက်လာသည်ကို ပထမဦးဆုံး တွေ့လိုက်သူဖြစ်၍ စကားစပြောလိုက်လေသည်။
အန်းရုံသည် အန်းသုံကို ကြည့်လိုက်ပြီးနောက် အနည်းငယ် ရှက်ရွံ့မိသွားလေသည်။ သို့သော်လည်း သူမကို လွန်စွာချစ်မြတ်နိုးသော အစ်ကိုဖြစ်သည်ကို ပြန်တွေးကြည့်လိုက်ပြီးနောက် သူ့ကို ပြုံးပြလိုက်ရင်း ကလေးတစ်ယောက်ကဲ့သို့ ပြုမူနေလေတော့သည်။
"အစ်ကိုကြီး...ပြန်လာပြီလား။ ကျွန်မ အစ်ကို့အတွက် လက်ဆောင်ဝယ်ခဲ့တယ်။ ကြိုက်မကြိုက် ကြည့်လိုက်ပါဦး"
အန်းသုံသည် သူ့ကို ပြုံးပြလျက်ရှိသော လှပချောမောနေသော ညီမလေးဖြစ်သူကို မြင်တွေ့လိုက်ရသောအခါ သူအနေဖြင့် မည်သည့်အရာကိုမဆို ပြုလုပ်ပေးနိုင်လောက်လေသည်။
အငယ်ဆုံးမောင်လေးသည် မြို့ပေါ်တွင် တက္ကသိုလ်တက်လေသောကြောင့် အိမ်ပြန်မလာနိုင်ချေ။ သို့နှင့် သူတို့သည် ညစာစားရန် ထွက်ခွာလာခဲ့တော့သည်။
"အန်းသုံလည်း ပြန်ရောက်ပြီဆိုတော့ ကျွန်မတို့ကို ကားနဲ့ လာခေါ်ပေးဖို့ သာ့ဝေကို ဖုန်းဆက်လိုက်ဦးမယ်"
"သူ့ကိုခေါ်လိုက်ရင် သက်သက် အနှောင့်အယှက်ပေးသလိုများ ဖြစ်သွားမလား"
သူမ၏ သားမက်ဖြစ်သူ ကျူးသာ့ဝေသည် တက္ကစီမောင်းသူဖြစ်လေသောကြောင့် သူ့ကိုနှောင့်နှေးကြန့်ကြာစေလျှင် မကောင်းလှပေ။
"ကိစ္စမရှိပါဘူး။ ကျွန်မသူ့ကို ဖုန်းအရင် ခေါ်ကြည့်လိုက်မယ်"
အန်းရုံသည် ထိုကဲ့သို့ပြောလိုက်ရင်း ဖုန်းပြောရန် အပြင်သို့ ထွက်သွားလေသည်။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်