အပိုင်း (၁၃၉)
အန်းလင်မယား၏ စာနာစိတ်ကင်းမဲ့စွာ အနှင်ထုတ်ခံရပြီးနောက်တွင် မော့ယွီစန်းသည် အမှန်တကယ်ပင် ထွက်ခွာသွားခဲ့လေသည်။
သို့သော်...
တစ်ဦးတည်းဖြစ်နေသော ချောက်ယွီသည် ရှဟယ်ပြည်နယ်တွင် အခက်အခဲများနှင့် ကြုံတွေ့နေရလေသည်။
သူသည် သူ့အနေဖြင့် အောက်ခြေအထိသို့ ကျရှုံးသွားရလေသော အန်းမိသားစု၏ သူ့အပေါ်တွင် ထားရှိခဲ့သော အလေးထားမှုများအား လိုချင်နေတော့သည်။
သို့သော် မော့ယွီစန်းကဲ့သို့ သူငယ်ချင်းဖြစ်သူ၏ ကူညီမှုကြောင့် သူသည် အဘယ်ကြောင့် လွယ်လွယ်ကူကူ လုပ်လိုက်နိုင်တော့မည်နည်း။
"အန်တီ အန်ကယ် ကျွန်က အန်းရှကို တကယ် သဘောကျတာပါ..."
အန်းရှသည် အပြင်ဘက်မှ ထိုအသံကို ကြားလိုက်ရသောအခါ အမှန်တကယ်ပင် ကူကယ်ရာ မဲ့သွားတော့သည်။
သူမသည် ယခင်က တစ်ခါမျှ မချစ်ဖူးသူဖြစ်ကာ ယခုကဲ့သို့ တစ်စုံတစ်ဦး၏ ချည်နှောင် နှောင့်ယှက်မှုအား ခံလိုက်ရသောအခါ သူမသည် မနှစ်သက်ပေ။
ထိုအရာသည် စိတ်အနှောင့်အယှက် ဖြစ်လွန်းလေသည်။
မူလတွင် သူမသည် ချောင်ယွီအပေါ်တွင် အထင်အမြင်ကြီးမှုများ ရှိနေလေသည်။ သို့သော်သူသည် သူမအပေါ်တွင် ချစ်ခင်နှစ်သက်နေကြောင်းအား သိလိုက်ရသောအခါ သူမ၏ ထိုသူအပေါ်တွင်ထားရှိသော အထင်ကြီးမှုများသည် ပျောက်ကွယ်သွားရတော့သည်။
သူမသည် စိတ်မရှည်မှုပင် ဖြစ်လာရတော့သည်။
သူမသည် ချောင်ယွီအား သူမအနေဖြင့် ခံစားချက်မရှိကြောင်း မနှစ်သက်ကြောင်း ပြောပြပြီး ဖြစ်လေသည်။ သို့သော် ထိုသူသည် ဇွဲကောင်းလှလေသည်။
ထို့အပြင် သူသည် သူမ၏မိဘများအား စိတ်ပြောင်းသွားအောင်ပင် ပြုလုပ်ချင်နေသောကြောင့် သူမသည် ကူကယ်ရာမဲ့နေကာ စိတ်မသက်မသာဖြစ်မှုအား ခံစားနေရလေသည်။
သို့သော် သူမ၏မိဘများသည် ထိုကဲ့သို့မဟုတ်ပေ။ ချောင်ယွီနှင့် ရင်ဆိုင်လိုက်ရသောအခါ စိတ်ထားများသည် နူးညံ့ပျော့ပြောင်းသွားလေသည်။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်