Part 108

2.3K 127 0
                                    


108 01

အပိုင်း (၁၀၈)

"အစ်ကိုချန်... ကျွန်တော့မှာ ပိုက်ဆံရှိပါတယ်။ အဲဒါကြောင့် ကျွန်တော့်ကို စိတ်မပူပါနဲ့..."

ဟော်စစ်သည် တစ်ဖက်မှကြည့်လျှင် ချန်မင်သည် သူ့အား ဤလောကထဲတွင် ဆက်နေစေချင်သေး၍ဖြစ်ပြီး နောက်တစ်ဖက်မှကြည့်လျှင် သူ၏ အနာဂတ်အတွက် စိုးရိမ်သောကြောင့် ဖြစ်လေသည်။

"မင်းမှာ ပိုက်ဆံရှိတယ်တဲ့လား။ မင်းမှာ ဘယ်ကနေ ပိုက်ဆံတွေရှိနေတာလဲ။ မင်း ဟိုးအစောကြီးကတည်းက သုံးလိုက်ပြီ မဟုတ်လား..."

ချန်မင်သည် သူ၏ ဆွယ်စကားများကို နားမထေင်လေသောကြောင့် အနည်းငယ် ဒေါသထွက်နေလေသည်။

သူသည် ဟော်စစ်နှင့် အတူတကွရှိနေခဲ့သည်မှာ နည်းအနည်းငယ်ကြာမြင့်နေပြီ ဖြစ်လေသည်။ ထိုမင်းသားသည် သူ့အား အနည်းငယ် ပြဿနာရှာသော်လည်း သူတို့သည် အချင်းချင်း သံယောဇဉ်ရှိကြလေသည်။

သူသည် ဟော်စစ်မှာ အနုပညာလောကထဲတွင် နာမည်ဆိုးမရှိသူဟု သတ်မှတ်ထားလေသည်။ သူသည် ညီငယ်လေးတစ်ယောက်အဖြစ် သဘောထားသည့်အလျောက် သူ့အတွက် ကောင်းမွန်သော ကိစ္စများကိုသာ ဖြစ်စေချင်လေသည်။

"ကျွန်တော်က ပိုက်ဆံတွေကိုလည်း ဖြုန်းတီးခဲ့သလို ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း လုပ်ထားတယ်လေ..." ဟော်စစ်သည် ပေါ့ပေါ့တန်တန်သာ ပြောလိုက်လေသည်။

သူသည် နှစ်ပေါင်းများစွာကြာမြင့်အောင် မင်းသားပြုလုပ်ခြင်းအားဖြင့် ငွေကြေးများစွာ ရှာဖွေခဲ့လေသည်။ သို့သော် သူသည် အရှုံးသမား မဟုတ်ပေ။

သူသည် ရှာဖွေထားသော ငွေကြေးများကိုလည်း ရင်းနှီးမြှုပ်နှံထားလေသည်။

ထိုကိစ္စကို မည်သူမျှ မသိရှိထားပေ။

"ရင်းနှီးမြှုပ်နှံတယ်... ဟုတ်လား။ မင်းက ဘယ်မှာ ရင်းနှီးမြှုပ်နှံထားတာလဲ..."

ချန်မင်သည် အံ့အားသင့်သွားလေသည်။

ဟော်စစ်သည် အသုံးအဖြုန်းကြီးသူ ဖြစ်လေသောကြောင့် သူသည် ရင်းနှီးမြှုပ်နှံကာ ငွေကြေးရှာဖွေသည်ကို သူ့အနေဖြင့် မယုံကြည်နိုင်ချေ။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now