အပိုင်း (၁၃၅)
သူတို့သုံးဦးသည် ဘာကိုမျှ မပြောရဲတော့ချေ။
သူတို့သုံးယောက်သည် ခေါင်းစဉ်ပြောင်းပြောလိုက်ကြလေသည်။
သူတို့သုံးယောက်သည် အန်းလင်မယားနှင့်အတူ ဟင်းလျာများနှင့် တူများကို နေရာချပြီးသောအခါ မီးဖိုချောင်ထဲမှ ပန်းကန်လုံးတစ်ခုကိုကိုင်ကာ ထွက်လာသောအန်းရှအား မြင်လိုက်ရလေသည်။
"ရှရှ ကျွန်တော်ကူပေးမယ်..." ချောင်ယွီသည် မော့ယွီစန်းအား ဘေးသို့တွန်းလွှတ်လိုက်ကာ အန်းရှအနားသို့သွားရောက်၍ ပန်းကန်လုံးအား ကိုင်ပေးလိုက်လေသည်။
"ကျေးဇူးပါ...." သူမသည် ချောင်ယွီအားကြည့်လိုက်ကာ အပြုံးလေးနှင့် ကျေးဇူးတင်လိုက်လေသည်။
သူတို့နှစ်ဦးသည် ယဉ်ကျေးစွာပြောနေကြကာ ရင်းနှီးမှုများကိုလည်း တွေ့နေရသောကြောင့် မော့ယွီစန်းနှင့် ချီလိသည် အံ့သြသွားရလေသည်။
အန်းရှ၏ လက်ရှိအသွင်အပြင်သည် သူတို့အား အံ့အားသင့်သွားစေလေသည်။
ရက်အတော်ကြာအောင် မတွေ့ရသည့်နောက်ပိုင်းတွင် သူမသည် ပို၍ပင် လှပနေတော့သည်။
မော့ယွီစန်းနှင့်ချီလိကြောင့် အန်းရှသည် သူတို့၏ တည်ရှိမှုအား ခံစားမိသွားပုံရလေသည်။ သူမသည် ဦးခေါင်းအားလှည့်လိုက်ကာ ထိုင်နေသော သူတို့နှစ်ဦးအား ကြည့်လိုက်လေသည်။
ချီလိ... မော့ယွီစန်း...
သူမသည် စားပွဲ၌ထိုင်နေသော သူတို့နှစ်ဦးအား သရဲမြင်လိုက်ရသကဲ့သို့ အံ့သြစွာဖြင့် ကြည့်နေလေသည်။
ထိုသူနှစ်ယောက်သည် ဤနေရာသို့ မည်ကဲ့သို့ ရောက်နေရသနည်း။
အန်းရှသည် မော့ယွီစန်းနှင့်ချီလိအား စိုက်ကြည့်နေသောအခါ အမျိုးသမီးအန်းသည် စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်လေသည်။ "ရှရှ သမီး သူတို့နှစ်ယောက်ကို သိလို့လား။ သူတို့က ချောင်ယွီရဲ့ သူငယ်ချင်းတွေလေ..."
သို့သော် အန်းရှသည် ပြန်မဖြေရသေးခင်တွင် ချီလိသည် လက်ကို ခါယမ်းပြလိုက်လေသည်။ "ကျွန်တော်တို့ မသိကြပါဘူး..."
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်