အခန်း (153)
မော့ကျားရှုကို ကစားဖို့ရန် ခေါ်သွားသည့် အန်းချူ နှင့် အလုပ် အရမ်းများသော အန်းတုန် နှင့် အန်းရုံ တို့က အိမ်ပြန်ဖို့ရန် အချိန်မရှိသောကြောင့် သူတို့ည အနားယူရန် အိမ်ပြန်မလာခင်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ မသိကြဘူး။
ဒီကိစ္စကို ခရေစေ့ တွင်းကျ သိပြီးသည့်နောက်တွင် အန်းရှ၏ အမူအရာကြောင့် သူတို့အားလုံး အံ့ဩသွားကြရသည်။
အန်းနင် နှင့် ချန်းရင်တို့မှာ တော်တော်လေး မလွယ်ဘူး။
အန်းနင်က တကယ်တော့ အန်းရှကို အတော်လေး အနိုင်ကျင့်ခဲ့သည်။
သူတို့ဟာ သူတို့၏ ဦးလေးကို တကယ်ကျေးဇူး တင်ပြီးတော့ အန်းနင်အတွက်လည်း အလုပ်ကို စီစဉ်ပေးလိုကြသည်။ဒါပေမယ့် သူတို့ ညီမငယ်လေးရဲ့ ကောလဟာလတွေကို ဖြန့်ခဲ့သည်ဟု သိရှိပြီးသည့်အချိန်တွင် သူတို့ ဘယ်လို ကြင်နာနိုင်တော့မှာလဲ။
တစ်မိသားစုလုံးမှာ စိတ်တိုနေသည့် အတွက်ကြောင့် အန်းရှသည် သူ့အစ်ကို နှင့် အစ်မ ကို နှစ်သိမ့်ပေးလိုက်သည်။
အဲ့တာတွေ ပြီးတဲ့ နောက်မှာတော့ သူမသည် သူမအခန်းသို့ ပြန်၍ အိပ်ချင်လာသည်။
ရလဒ်ကတော့....
အပြင်ကို ထွက်လာလို့မရသော လူသိများသည့် တစ်စုံတစ်ယောက်သည် ပွတ်သပ်ပြီး နှစ်သိမ့်ပေးခံရဖို့ကို ခါးသီးသော မျက်နှာထား ထုတ်ပြနေသည်။ သူဟာ အမှားလုပ်ထားသော ခွေးနှင့် အလားသဏ္ဍာန် တူသည်။
"ဟေး၊ အခု ငါမင်းအတွက် ညစာလုပ်ပေးမယ်"
အန်းရှက ဟော်စစ်ကို တောင်းတောင်းပန်ပန် နှင့် ပြုံးပြီး ကြည့်လိုက်သည်။
ဟောက်စီ၏ မျက်နှာပေါ်က စိတ်ပျက်နေသော မျက်နှာထားက ချက်ချင်းပျောက်ကွယ် သွားပြီး
"ဟုတ်ပြီ၊ ငါမင်းကို ကူညီမယ်"
ထို့နောက် သူတို့နှစ်ယောက်သည် မီးဖိုချောင် ဆီသို့ လာခဲ့ပြီးနောက် ညစာကို စတင်ပြုလုပ်တော့သည်။
၎င်းမှာ ညလယ်စာ ဖြစ်သည့်အတွက် အန်းရှဟာ ဟင်းပွဲတွေကို နှစ်မျိုးထက် ပိုမလုပ်ခဲ့ချေ။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်