Unicode
အခန်း ၂
“မစ္စတာမော့…မစ္စမော့က ခုနကဖုန်းခေါ်ပြီး သူကဆရာ့ကိုကွာရှင်းချင်တယ်လို့ ပြောတာလား”
သူ၏အထူးလက်ထောက် ဝမ်ကန်ဝမ်သည် မယုံကြည်မှုများ ပြည့်နေသောမျက်နှာနှင့် သတင်းများကို ပြောပြခဲ့သည်။ မော့ယွီစန်းသည် သူ့ထက်ပို၍မတည်ငြိမ်နိုင်ခဲ့ပေ။
၎င်းသည် သူ့ထက် ပို၍ပင်ထိတ်လန့်စရာ ကောင်းနေခဲ့သည်။
“နားကြားမှားသွားခဲ့တာများလား”
မော့ယွီစန်းသည် သူ့အလုပ်ကိုဘေးချကာ ဝမ်ကန်ဝန်အား ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ခဲ့သည်။
သူသည် သူ့ဇနီးအား အလွန်ကောင်းစွာသိသည်။ ၎င်းသည်ကွာရှင်းရန် လုံးဝမဖြစ်နိုင်ပေ။
သို့မဟုတ်ပါက သူမသည် သူ့အားလှည့်စားကာ ဒုတိယကလေးကိုယ်ဝန်ရရန် ဝန်လေးလိမ့်မည်မဟုတ်ပေ။
သူသည် ထိုအရာအား တွေးသည့်အခါတိုင်း မော့ယွီစန်း၏မျက်လုံးများမှာ အေးစက်မှုနှင့်ပြည့်နေခဲ့သည်။
သူသည် တူညီသောမိန်းမထံမှ နှစ်ကြိမ်လှည့်စားခံခဲ့ရသည်...
ထို့ကြောင့်သူသည် အန်းရှမှာ သူ့အား အရင်ကွာရှင်းလိမ့်မည်ဟု မယုံနိုင်ခဲ့ပေ။
သူ၏ပထမဆုံး တုံ့ပြန်မှုမှာ...
ထိုအမျိုးသမီးမှာ သူ့အား ထပ်ပြီး လှည့်စားနေသလား။
မော့ယွီစန်းသည် သူ့ဇနီးအန်းရှမှာ သူနှင့်တကယ်ပင် ကွာရှင်းချင်ခဲ့သည်ဟု ဘယ်သောအခါမှ မတွေးခဲ့ပေ။
…
အန်းရှသည် သူမနှုတ်ခမ်းများအား တင်းကျပ်စွာစေ့ထားကာ သူမမျက်နှာမှာ စိတ်လှုပ်ရှားမှုနှင့် ပြည့်နေခဲ့သည်။
သူမ၏ဖုန်းခေါ်ဆိုမှုမကြာခင် မော့ယွီစန်းပြန်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
သူမရှေ့မှ အေးစက်သည့်လူအား ကြည့်လိုက်ကာ သူ၏မျက်လုံးများထဲမှ ထွက်ပေါ်လာသော မထူးခြားမှုကို ခံစားခဲ့ရကာ အန်းရှမှာ ပို၍ပင်ကြောက်လာခဲ့သည်။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်