အခန်း(151)
အန်းရှ၏ စကားလုံးကြောင့် လူတိုင်း ထိတ်လန့် သွားခဲ့ရသည်။ချန်းရင် နှင့် အန်းနင်တို့သည် အန်းရှ၏ စကားကြောင့် အံ့ဩသွားကြရသည်။
အဖေအန်း နှင့် အမေအန်း တို့လည်းပဲ ထိတ်လန့်သွားကြသည်။
အန်းရှ၏ ပုံမှန်စိတ်နေသဘောထားမှာ အလွန်ကိုနူးညံ့သိမ်မွေ့လှသည်။
အန်းရှက လူတွေကို ခက်ထန်သော စကားလုံးများ
ပြောသည်ကို သူတို့မြင်ဖူးသည်မှာ ပထမ ဦးဆုံးအကြိမ်ဖြစ်သည်။
"နင် နင် ၊အန်းရှ နင့်ငါ့ကို အနိုင်ကျင့်တယ်။"
အန်းနင်သည် သူ၏ရင်ထဲတွင် မနာလိုစိတ် အပြည့်နှင့် အန်းရှကို ဒေါသတကြီး နဲ့ကြည့်နေခဲ့သည်။
အန်းရုံ၏ ဟော်တယ်မှာ အန်းရှ ဝယ်ယူထားသည် ဆိုတာကို သူမသိသည်။
ချောင်ယွိထုံက အရာအားလုံး သူမကို ပြောပြသည်။ထိုအချိန်တွင် သူမသည် သူမအား အရာအားလုံးကို အမှန်တိုင်း မပြောဘဲ လိမ်လည်ခဲ့သည့်အတွက် အန်းရှ၏ရှေ့တွင် သူမ မျက်နှာပျက် ခဲ့ရသည်။
အန်းရှ ဘယ်လောက် ချမ်းသာလဲဆိုတာ သူမဘယ်လို သိနိုင်မှာလဲ။
သူမစိတ်ထဲတွင် သူမဟာ ချောင်ယွိထုံထက် မသာလွန်နိုင်ပါ။
အန်းရှသည် ချမ်းသာသော ယောကျာ်း၏ စွန့်ပစ်ခြင်းကို ခံရပြီးသည်တောင်မှပင် သူမထက် သာလွန်နေသေးသည်ဟု သူမတွေးနေသ၍ သူမစိတ်မသက်မသာ ခံစားနေရသည်။
ငယ်ငယ်ကတည်းကပင် သူမသည် အန်းရှထက် နိမ့်ကျခဲ့ရသည်။
ကျောင်းတက်ချိန်တုန်းကမူ သူမသည် အတန်းထဲတွင် အလှဆုံးဖြစ်သည်မှာ သိသာထင်ရှားလှပါသည်။
သို့ပေမယ့်လည်း အန်းရှသည် အတန်းကျော်တက်လာကာ သူမနှင့် တစ်တန်းတည်းသို့ ရောက်ရှိလာပြီး သူမကို နေရာတိုင်းမှာ ဖိနှိပ်လာခဲ့သည်။
သူမသည် အတန်း၏ ပန်းလေးတစ်ပွင့်ကဲ့သို့ သိသာထင်ရှားသော်လည်း အန်းရှ ရောက်လာပြီး နောက်ပိုင်းတွင်မူ သူမသည် အတန်း၏ ပန်းတစ်ပွင့် ဖြစ်မလာတော့ချေ။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်