Part 7

8.8K 732 1
                                    

Unicode

အခန်း ၇

သို့သော်လည်း သူတို့ နှစ်ဦးစလုံးသည် အလုပ်အလွန်များကြပြီး ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်သည်လည်း ထိုနှစ်များအတွင်း မအားမလပ်ဖြစ်လာသည့်အတွက် သူတို့နှစ်ဦးသည် သိပ်မတွေ့ဖြစ်ကြတော့ဘဲ အဆက်အသွယ်လည်း တဖြည်းဖြည်းနှင့် နည်းသွားကြတော့သည်။

သို့သော်ငြားလည်း ချန်ရွှယ်မင်သည် မူလပိုင်ရှင်အပေါ်တွင် အခင်အမင်မပျက်ဘဲရှိနေလေသည်။

သူမသည် ထိုမူလပိုင်ရှင်ကို သူမ၏ အချစ်ဆုံးသူငယ်ချင်းအဖြစ်သာ အမြဲတမ်း သတ်မှတ်ထားသူဖြစ်သည်။ မူလပိုင်ရှင်သည် စိတ်ဓာတ်ဆိုးရွားလာပြီး နောက်ပိုင်းတွင်လည်း မကောင်းသည့်ကိစ္စများကို မည်မျှပင် ပြုလုပ်နေစေကာမူ၊ လူအများကလည်း မူလပိုင်ရှင်ကို ကျောခိုင်းစွန့်ခွာသွားစေကာမူ ချန်ရွှယ်မင်သည် သူမကို သူငယ်ချင်းတစ်ဦးအဖြစ်သာ တူညီသော စိတ်ထားပြီး ခင်မင်ခဲ့သည်။

ထို့ကြောင့် နောက်ဆုံးတွင် သူမသည် မော့ယွီစန်း၏ မုန်းတီးခြင်းကိုခံလိုက်ရပြီး အလုပ်ကိုလည်း လက်လွှတ်ဆုံးရှုံးခဲ့ရတော့သည်။

အန်းရှသည် အနည်းငယ် ရှက်ကြောက်တတ်သူတစ်ဦးဖြစ်သည့်အလျောက် ထိုမြည်နေသောဖုန်းကို ကိုင်ရန်တွန့်ဆုတ်နေခဲ့သည်။ ထို့နောက် သူမ၏နှုတ်ခမ်းကို တင်းတင်းစေ့လျက် သတ္တိများကိုစုစည်းကာ စိတ်ဓာတ်ကိုမြှင့်တင်လိုက်ရင်း ဖုန်းကို ကောက်ကိုင်လိုက်တော့သည်။

“ဟုတ်ကဲ့ ပြောပါ”။ တစ်ဖက်ဖုန်းခေါ်သူမှာ မမြင်နိုင်သော်လည်း အန်းရှသည် ဖုန်းကိုဖြေလိုက်ရင်း သူမပြုလုပ်နေကျအတိုင်း ခေါင်းငြိမ့်လိုက်သေးသည်။

“နင်...နင်အမြဲတမ်း ကွာရှင်းဖို့ကို ငြင်းဆန်နေခဲ့တာ မဟုတ်ဘူးလား။ နင့်ကို မော့ယွီစန်းက ဖိအားပေးနေလို့လား”။

ချန်ရွှယ်မင်သည် သူမကို အမှန်တကယ်စိတ်ပူနေပုံရသည်။

ဤအကြောင်းချင်းရာသည် သူငယ်ချင်းမရှိသည့် အန်းရှအတွက်တော့ နွေးထွေးမှုလေး တစ်ခု ဖြစ်သွားတော့သည်။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now