"အပိုင်း (၅၂)"
ညွှန်ကြားချက် ရလိုက်သောအခါ သန်မာလှသော လုံခြုံရေး ဝန်ထမ်းများသည် မန်နေဂျာရှုန်းကို အပြင်သို့ ဆွဲထုတ်သွားကြလေသည်။
သူတို့သည် မန်နေဂျာရှုန်း၏ အော်ဟစ်နေမှုများကို ဂရုမစိုက်ကြချေ။
ဟယ်ရာဝမ်သည် ကြောင်အမ်းနေသော အန်းသုန်နှင့် ထိုကိစ္စများအားလုံးကိုလည်း ကြည့်နေလေသည်။
သူမသည် အန်းသုန်၏ ချောမောခန့်ညားမှုနှင့် နှစ်လိုဖွယ်ကောင်းမှုကို ခံစားမိသွားလေသည်။
ထိုအချိန်တွင် သူမသည် နောင်တရမိသွားသည်။ သူမသည် ရှုန်းလျောင်၏ ခြိမ်းခြောက်မှုများကို ကြောက်ရွံခဲ့၍ သူ့အပေါ်တွင် ဆိုးဝါးသော စကားများကို ပြောဆိုမိခဲ့သည့်အတွက် နောင်တရမိလေသည်။
အန်းသုန်သည် ကုမ္ပဏီ၏ သူဋ္ဌေးအသစ် ဖြစ်လာမည့်အကြောင်းကို သူမအနေဖြင့် စောစောစီးစီး သိထားခဲ့မည်ဆိုလျှင် ပိုကောင်းပေလိမ့်မည်။
အန်းသုန်သည် ရိုးသားသော သူတစ်ဦးဖြစ်လင့်ကစား သူမကိုတော့ အကြောင်းစုံ မပြောပြခဲ့ပေ။
ဟယ်ရာဝမ်သည် အန်းသုန်၏ ဖုန်းနံပါတ်ကို ဘလော့ထားခဲ့သည်မှာ အချိန်အတော် ကြာမြင့်နေသည်ကိုတော့ မေ့သွားခဲ့လေသည်။
"အန်းသုန်... ကျွန်မ..."
ဟယ်ရာဝမ်သည် စကားပြောဆိုရန် ပြင်ဆင်လိုက်ချိန်တွင် အန်းသုန်သည် စကားဖြတ်ပြောလိုက်လေသည်။ "စိတ်မရှိပါနဲ့ မိန်းကလေးဟယ်... ငါအခု လုပ်စရာတွေ ရှိနေသေးတယ်။ မင်းကို အဖော်ပြုပေးဖို့ အချိန်မရှိဘူး။ ပြန်သွားလိုက်ရင် ကောင်းမယ်နော်..."
အန်းသုန်သည် မျက်နှာသေဖြင့်ပင် ဥက္ကဋ္ဌ၏ ရုံးခန်းထဲသို့ သုရန်အနောက်မှ လိုက်ပါသွားလေသည်။
သူသည် ဟယ်ရာဝမ်အပေါ်တွင် ချစ်ခင်မြတ်နိုးခြင်း မရှိတော့ပေ။ ယခုအကြိမ်တွင် သူ့အနေဖြင့် တော်တော်ကလေး ဒေါသထွက်သွားပုံရသည်။
"သူမက နှမ်းစေ့ကို ရွေးချယ်လိုက်ပြီး ဖရဲစေ့ကို ဆုံးရှုံးလိုက်ရတာပဲ..."
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်