အပိုင်း (၁၄၇)
ဟော်စစ်သည် လုံလောက်ပြီဟု ပြောဆိုလိုက်သော်လည်း အန်းရှသည် သူမအနေဖြင့် အသုံးမပြုတော့လေသော ဇိမ်ခံပစ္စည်းများအား ရောင်းထုတ်ရန် စိတ်ပိုင်းဖြတ်ပြီးသား ဖြစ်လေသည်။
ထို့ကြောင့် သူမသည် ပစ္စည်းများအား ရောင်းချရန် အကောင့်ပင် ဖွင့်ပြီးဖြစ်လေသည်။
ဟေည်စစ်သည် ထိုအကြောင်းများအား မသိရှိချေ။
"ဒါပေမဲ့ ရှရှ... မင်းသာငါ့ရဲ့ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ငါမင်းကို ရှယ်ယာတွေ ခွဲပေးမှာပေါ့..."
ဟော်စစ်သည် ငွေကြေးလည်း လိုအပ်နေခြင်းမဟုတ်ဘဲ အန်းရှ၏ ပိုက်ဆံများကိုလည်း အသုံးမပြုလိုပေ။
သို့သော် အန်းရှ၏ ခေါင်းမာသော အပြုအမူများအား မြင်လိုက်ရသောအခါ သူသည် သူ၏အတွေးများအား ပြောင်းလဲလိုက်လေသည်။
ရလဒ်မှာ အတော်အတန် ကောင်းမွန်လှလေသည်။
ထိုနည်းလမ်းအားဖြင့် သူသည် စားဖိုမှူးမလေးအား သူ၏ဘဝထဲသို့ တည်ရှိခွင့်ပေးလိုက်ပြီးသား ဖြစ်သွားလေတော့သည်။
"ဟင်... ရှယ်ယာတဲ့လား။ မဟုတ်ဘူး... ကျွန်မ မလိုအပ်ပါဘူး။ ကျွန်မကရှင့်ကို ဒီအတိုင်းပဲ ပိုက်ဆံချေးပေးတာပါ။ ရှင့်ရဲ့ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံတာ မဟုတ်ပါဘူး။ ရှင်နောက်ပိုင်း အဆင်ပြေလာတဲ့အခါမှ ကျွန်မကို ပြန်ဆပ်လို့ ရပါတယ်..." အန်းရှသည် သူမ၏ လက်များအား ဝေ့ယမ်းပြကာ ဟော်စစ်အား ပြုံး၍ ငြင်းဆန်လိုက်လေသည်။
သို့သော် ဟော်စစ်သည် ခေါင်းမာသူဖြစ်သည့်အလျောက် အန်းရှ၏ပိုက်ဆံများအား အကြောင်းမရှိလေဘဲ လက်ခံမည်သူမဟုတ်ကာ အန်းရှအား ကုမ္ပဏီရှယ်ယာများအား ခွဲဝေပေးမည်ဖြစ်လေသည်။
နောက်ဆုံးတွင် အန်းရှမှာ ဟော်စစ်၏ လွှမ်းမိုးမှုအား ခံလိုက်ရတော့သည်။
ဟော်စစ်သည် နာမည်ကြီး မင်းသားတစ်ဦး၏ဖြစ်ခဲ့ကာ သရုပ်ဆောင်ခြင်းများသည် သူ၏ အားသာချက်ဖြစ်လေသည်။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်