Part 41

6.6K 544 3
                                    

အပိုင်း (၄၁)

ဤသည်မှာ သူ့ညီမလေး၏ မိဘများအပေါ်တွင် လေးစား တန်ဖိုးထားခြင်းပင် ဖြစ်လေသည်။ မိဘများအနေဖြင့် အရှက်ရဖွယ်ရာ ကိစ္စတစ်စုံတစ်ရာ ရှိနေလျှင် ထိုအရာများထံမှ ပုန်းရှောင်နေရမည်သာ ဖြစ်သည်။

"​ရှောင်သုန်ပြောတာ မှန်တယ်။ ကျွန်မတို့ အခြားသူတွေကို ပြောပြရမယ်။ သူပြောသလိုဆိုရင်လည်း သိပ်မဆိုးပါဘူး။ အမေ့ရဲ့ မွေးနေ့ကို ရှရှရဲ့ ဒီဥယျာဉ်ကြီးထဲမှာ ကျင်းပတာက ပိုကောင်းတာပေါ့"

အန်းချောင်ရှုန်းသည် တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် အမျိုးသမီးအန်း၏ မွေးနေ့ပွဲကို ဤဥယျာဉ်ထဲတွင် ကျင်းပရန် ဆုံးဖြတ်ပေးလိုက်တော့သည်။

"တစ်ချက်က မင်းရဲ့မွေးနေ့ပွဲကို ကျင်းပပေးဖို့၊ နောက်တစ်ချက်က အိမ်တက်ပွဲလုပ်ပြီး အခြားသူတွေကို ဒီနေရာကို ဖိတ်ခေါ်ဖို့"

သူတို့၏ ကလေးမလေးကတော့ ဤနေရာသည် သူတို့၏ အပန်းဖြေနေရာလေးသာ ဖြစ်သည်ဟု ပြောလေသည်။

လင်ရှန်းပျယ်ယွမ်ကို ဆောက်လုပ်ပြီးစီးသောအခါတွင် သူတို့သည် ထိုနေရာသို့ ပြောင်းရွှေ့ကြမည်သာ ဖြစ်သည်။

သို့သော် လင်မယားဖြစ်သူ၏ စိတ်ထဲတွင်တော့ ဤနေရာတွင် နေထိုင်ရခြင်းသည် ပြီးပြည့်စုံနေပြီ ဖြစ်၍ စံအိမ်ကြီးဆီသို့ မပြောင်းရွှေ့ချင်တော့ပေ။

"ကောင်းပါပြီ... ငါတို့က ငါတို့ရဲ့ ချမ်းသာကြွယ်ဝမှုကို ကြွားဝါလိုက်သလို ဖြစ်နေမှာစိုးလို့ပါ။ တစ်ယောက်ယောက်က အန်းရှနဲ့ မိတ်ဆွေဖွဲ့ချင်တယ်လို့ ပြောလာရင် ဘယ်လိုလုပ်မလဲ"။ အမျိုးသမီးအန်းသည် အနည်းငယ်စိုးရိမ်လျက် ပြောလေသည်။ သူတို့နေထိုင်နေရသော နေရာသည် အလွန် ကောင်းမွန်လှလေသည်။

ဥယျာဉ်ကြီးကို ပြုပြင်ပြောင်းလဲခြင်း လုပ်ငန်းသည် အလုံးစုံ မပြီးစီးသေးသော်လည်း ဥယျာဉ်ကြီး သက်သက်ကပင် အတော်လေး လှပနေပြီဖြစ်သည်။

အသုံးပြုရသော ကိရိယာပစ္စည်းများသည် ဈေးမသက်သာလှပေ။

ထိုနေရာသည် ၆၀၀၀ စကွဲယားမီတာ ကျယ်ဝန်းလှသည်လေ။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now