အပိုင်း(152)
"အကို ညီမလေး ငါ့သမီးကို ငါကောင်းကောင်း မပျိုးထောင်နိုင်ခဲ့လို့ ဒီလိုဖြစ်ရတာပါ။ ငါတောင်းပန်ပါတယ်"
"အန်းရှ ငါတောင်းပန်ပါတယ်။ မင်းဝမ်းကွဲကို ငါကောင်းကောင်း မသင်ပေးနိုင်ခဲ့လို့ ဒီလိုဖစ်ရတာပါ"
အနည်းငယ် လန်းဆန်းလာသော အန်းရှသည် ညှင်းသိုးသိုးနှင့် စိတ်မသက်မသာ ဖြစ်နေသော အန်းကော်ဟွ၏ မျက်နှာကို မြင်လိုက်ရသော အခါတွင် သူမ၏ ရင်ထဲ၌ အနည်းငယ် မသက်မသာ ဖြစ်သွားရသည်။
သူမသည် အန်းနင်ကို မုန်းသော်လည်း သူမ၏ ဦးလေးမှာ အပြစ်ကင်းသည်။
အခုမှ သူမအရမ်း များသွားပြီလား။
"ဦးလေး၊ ဒီလိုမပြောပါနဲ့။ ဒီကိစ္စက မင်းနဲ့ မဆိုင်ပါဘူး..."
အန်းရှ က အန်းကော်ဟွ၏ ဘေးနားကို ရုတ်တရက် လမ်းလျှောက်သွားလိုက်ပြီး သူ့ကို အားပေးလိုက်သည်။
အန်းနင်သည် အန်းရှကို ဦးညွတ်နေသော သူ့အဖေအား မြင်လိုက်ရသောအခါ ပို၍ပင် ဒေါသထွက်လာတော့သည်။
"ဒါဟာ ပျက်စီးနေတဲ့ ဟိုတယ်ပဲမဟုတ်လား။ ဒါအတွက်နဲ့တော့ ငါမသေပါဘူး"
ထိုသို့ပြောပြီးနောက် အန်းနင်သည် အန်းရှအား ဒေါသတကြီးနှင့် ကြည့်ပြီး အမြန်ထွက်ပြေးသွားခဲ့သည်။
"နင်နင်၊ နင်နင်"
ချန်းရင်သည် ဒေါသတကြီးနှင့် ထွက်ပြေးသွားသော သူမကလေးကို မြင်လိုက်ရသည်။အန်းနင်ကို လိုက်ရှာရန် စိတ်အား ထက်သန်နေသော အချိန်တွင် သူမသည် သူမ၏ခေါင်းအား လှည့်ကာ အန်းရှကို ပြင်းထန်သော အကြည့်နှင့် ကြည့်လိုက်သည်။
"ရှရှ တကယ်လို့ အန်းနင်က အမှားလုပ်ခဲ့တယ် ဆိုရင်တောင်မှ သူက မင်းဝမ်းကွဲလေ။ မင်းအဲ့လောက်ထိ ရက်စက်ဖို့လိုလို့လား"
ချန်းရင်လည်းပဲ ထွက်ပြေးသွားခဲ့သည်။
အချိန်အနည်းငယ် ကြာပြီးနောက် အန်းကော်ဟွက အရှက်တကွဲနှင့် ပြောလာခဲ့သည်။
"နင်နင့်ရဲ့ အလုပ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ငါတို့ ဘယ်တုန်းကမှ မပြောခဲ့သလိုပဲ မှတ်ယူပေးပါ။ ဒီကိစ္စကို ရင်ထဲမှာ မထားပါနဲ့။ ရှရှ အပေါ်မှာ နင်နင် လုပ်ခဲ့တဲ့ ကိစ္စတွေအတွက်ကော..."
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်