Unicode
အခန်း ၉နောက်တစ်နေ့မနက် ရောက်သောအခါ လင်းထိန်လို့နေပြီး အန်းရှသည် စိုးရိမ်နေသော မျက်နှာထားနှင့် အိပ်ရာမှ ခုန်ထွက်မတက် ထလိုက်တော့သည်။
ဂွီဂွီ။
သူမ၏ ဝမ်းဗိုက်ထဲတွင်လည်း တော်တော်လေး မအီမသာဖြစ်နေသည်။
အန်းရှသည် ဝမ်းဗိုက်ကို လက်ဖြင့်ဖုံးဖိထားရင်း လူနာဆောင်ရှိ သန့်စင်ခန်းဘက်သို့ ထွက်လာခဲ့တော့သည်။
ဝုန်း!
သူမသည် သန့်စင်ခန်းတံခါးကို လျင်မြန်စွာပိတ်လိုက်ပြီးနောက် ဆောင့်ကြောင့်ထိုင်ချလိုက်တော့သည်။
သို့သော်လည်း ချက်ချင်းဆိုသလိုပင် သူမ မျက်မှောင်ကြုပ်လိုက်မိသည်။
အာ!
သန့်စင်ခန်းဝင်လိုက်သည့်အချိန်တွင် ပိုပြီးသက်တောင့်သက်သာဖြစ်လာသည်ကို သူမခံစားလိုက်ရသည်။
အဘယ့်ကြောင့်ဆိုသော်...
"အိုး! အနံက ဆိုးလိုက်တာ"။
အန်းရှသည် သူမနှာခေါင်းကို တင်းတင်းကြပ်ကြပ် ပိတ်ထားလိုက်သည်။ ဤသန့်စင်ခန်းထဲတွင်သာ ဆက်နေရမည်ဆိုလျှင် သူမ အန်ထွက်တော့မည်ဖြစ်သည်။
သူမသည် သန့်စင်ခန်းထဲမှထွက်၍ လေကောင်းလေသန့်ရှူရှိုက်လိုက်ပြီးနောက်မှလန်းဆန်းမှုကို ပြန်လည်ခံစားလိုက်ရသည်။
"ဝူး ဟူး!"
အန်းရှသည် သူမသည် သန့်စင်ခန်းတံခါးကို
ပြန်ပိတ်လိုက်ပြီးနောက် ရှက်ကိုးရှက်ကန်းနှင့် ပြန်ကြည့်လိုက်ပြီး ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။
ကံကောင်းသည်က ဤလူနာဆောင်၏ အနေအထားသည် စနစ်ကျ ကောင်းမွန်လှသည်။ သန့်စင်ခန်းထဲတွင် ပြတင်းပေါက်များစွာရှိနေသောကြောင့် အနံပြင်းပြင်းမွှေးရနံ့ဖြင့် ထိုအနံ့အသက်များကို ဖယ်ရှားပေးနိုင်လေသည်။
ထိုအချိန်တွင် သူနာပြုဆရာမ တစ်ဦးဦး ဝင်လာမည်ကိုလည်း စိုးရိမ်နေမိသေးသည်။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်