Unicode
အခန်း ၆
ညနေပိုင်း နေဝင်ချိန်ရောက်သောအခါတွင် လိမ္မော်နှင့် အဝါရောင်ပေါင်းစပ်ထားသော အလင်းရောင်ခြည်များသည် VIP လူနာဆောင်ဝန်းကျင်ကလေးကို ပက်ဖျန်း၍ အလှဆင်ပေးထားသလိုပင်။
“သူဋ္ဌေးကတော် မော့၊ ဒီမှာ ညစာလေး အဆင့်သင့်ဖြစ်ပါပြီ၊ တစ်ခုခု လိုအပ်တာရှိရင် ကျွန်မတို့ကို ခေါ်လိုက်ပါနော်”
“ဟုတ်ပြီ ကျေးဇူးတင်ပါတယ်”
အန်းရှသည် သူတို့ကို ညင်ညင်သာသာနှင့် ကျေးဇူးတင်စကားဆိုလိုက်သည်။
သူနာပြုမလေး ၂ ဦးသည် ပျော်ပျော်ရွှင်ရွှင်ပြုံးပြလိုက်ကြသည်။ သူတို့သည် လူနာဆောင်မှ ထွက်ခွာသွားရင်း သူမ၏ အပြုအမူအတွက် ချီးမွန်းမိလိုက်ကြသည်။
ကလစ်!
အခန်းတံခါး ပိတ်သွားသည်နှင့် တစ်ပြိုင်နက် အန်းရှသည် မျက်တောင်တစ်ချက် ခတ်လိုက်၍ အိပ်ရာပေါ်မှ ဆင်းကာ သူမ ရရှိနေသော အစွမ်းအချို့ကို ဆက်လက်လေ့လာအကဲခတ် နေတော့သည်။
ထိုအရာသည် အန်းရှအတွက် ရူးချင်စရာ ကောင်းလောက်သည့် ကိစ္စတစ်ခုပင် ဖြစ်သည်။
ထိုအရာသည် နှစ်လိုဖွယ်ကောင်းသည့် အစွမ်းတစ်မျိုးဖြစ်ပြီး သူမ၏ခန္ဓာကိုယ်ကိုလည်း ကျန်းမာအောင် ပြုလုပ်နိုင်စွမ်းရှိနေသည်။
ဤအစွမ်းနှင့်သာဆိုလျှင် သူမသည် ဘယ်သောအခါမျှ နာမကျန်းဖြစ်တော့မည် မဟုတ်ချေ။
အနည်းဆုံးအနေဖြင့် သူမနေမကောင်းဖြစ်သည့်အခါတွင်တောင် လျှင်မြန်စွာ ပြန်လည်ပျောက်ကင်းသက်သာသွားမည်ဖြစ်သည်။
ဒီအစွမ်းဟာ အဘယ့်ကြောင့်များ မူလခန္ဓာကိုယ်ပိုင်ရှင်၏ ဖျားနာပြီး သေဆုံးသွားမှုကိုတော့ မဟန့်တားပေးခဲ့ရသနည်း။ ဒါက ရူးကြောင်မှု တစ်ခုများပေလား။
သူမသည် ဆေးများနှင့် ပန်းအိုးများထဲမှ ပန်းစည်းများဖြင့်လည်း စမ်းသပ်လိုက်ကြည့်ပြီး နားလည်သဘောပေါက်လိုက်သည့်အချက်မှာ ထိုအရောင်များရှိနေသော အလင်းတန်းများမှာ သူတို့ပုံစံ၏ အရောင်အဆင်းကို ကိုယ်စားပြုနေခြင်းဖြစ်သည်ဆိုသည့် အချက်ပင်။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်