Part 109

2.8K 177 0
                                    


အပိုင်း (၁၀၉)

"ငါမင်းရဲ့ ချစ်သူနေရာကနေ သရုပ်ဆောင်မယ်..."

အဖြေမှာ အန်းရှ မျှော်လင့်ထားသလို ဖြစ်သည်။ သို့သော် ထိုကဲ့သို့တော့ မထင်မှတ်ထားချေ။

ဟော်စစ်သည် သူမ၏ ချစ်သူနေရာတွင် သရုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ သူမသည် တုန်လှုပ်မိခြင်းပေလား၊ စိတ်သက်သာရာ ရသွားခြင်းကိုလားတော့ မသိတော့ချေ။

သို့သော် သေချာသည်မှာတော့ ဟော်စစ်သည် သူစိမ်းထက်တော့ အဆင်ပြေလေသည်။

မိတ်ကပ် လိမ်းခြယ်သွားပြီးသောအခါ အန်းရှသည် မှန်ရှေ့တွင် ရပ်လိုက်လေသည်။ ထိုပြင်ဆင်ခြယ်သမှုသည် သူမ မနှစ်သက်သော ထင်ထင်ရှားရှား အရိုင်းဆန်မှုမျိုး မဟုတ်တော့ပေ။

ထိုအရာသည် နုပျိုလတ်ဆတ်သော ကျောင်းသူ ပုံစံမျိုးဖြစ်ကာ ဟော်စစ်၏ စတိုင်နှင့်လည်း လိုက်ဖက်မှု ရှိလေသည်။

အန်းရှသည် ​ ကောလိပ်ကျောင်းသူနေရာမှ သရုပ်ဆောင်ရမည် ဖြစ်လေသည်။

အန်းရှသည် သာမာန် တီရှပ်လေးနှင့် အတွန့်ပါသော စကပ်လေးအား ဝတ်ဆင်ထားကာ အဖြူရောက် ရှူးဖိနပ်လေးစီးလျက် ဟော်စစ်၏အရှေ့တွင် ရပ်လိုက်လေသည်။ ထိုအခါ ဟော်စစ်သည် နှလုံးခုန်​​​မြန်မှုကို ခံစားရလိုက်လေသည်။

"ကျွန်မပုံစံက ထူးဆန်းနေလား..."

ဟော်စစ်၏ စူးရှသော အကြည့်များနှင့် ရင်ဆိုင်လိုက်ရသောအခါ အန်းရှသည် စိတ်မသက်မသာဖြစ်စွာနှင့် သူမ၏ နှုတ်ခမ်းများကို တင်းတင်း စေ့ပိတ်ထားလိုက်လေသည်။

သူမသည် ကလေးတစ်ယောက်၏ မိခင်ဖြစ်လေသည်။ မည်သူမျှ မသိသော်လည်း သူမကိုယ်သူမ ထူးဆန်းနေသည်ဟု ခံစားနေရလေသည်။

"မထူးဆန်းပါဘူး... လှပါတယ်..." ဟော်စစ်သည် သူမအား တောက်ပနေသော မျက်ဝန်းများဖြင့် ကြည့်လိုက်ကာ ဦးခေါင်းကို ခါယမ်းလိုက်လေသည်။

"ကျေးဇူးတင်ပါတယ်... ရှင်လည်း ဒီနေ့ အရမ်းကို ခံ့ညားနေတယ်..."

ဟော်စစ်၏ အန်းရှအား ချီးမွန်းလိုက်မှုသည် သူမသည်လည်း သူ့အား ပြန်လည် ချီးကျူးမိသွားစေလေသည်။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now